Thursday, September 26, 2013

ယာဉ်မောင်းအိပ်ငိုက်၍ ယာဉ်တိမ်းမှောက်

် နေပြည်တော်၊ စက်တင်ဘာ ၂၅ ၂၂-၉-၂၀၁၃ ရက်နေ့ ၀၄၁၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၁၉/၃)အနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ဖြူးအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ နေပြည်တော်မှရန်ကုန်သို့ မရမ်းကုန်း မြို့နယ်၊ (၈)မိုင်၊ (၆)ရပ်ကွက်နေ စိန်မြင့်(၄၈)နှစ်မောင်းနှင်လာသော ၈ဆ/xxxx လိုက်ထရပ် အဖြူရောင်ယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်ခဲ့ကြောင်းတွေ့ရှိရပြီး ယာဉ်ပေါ်ပါသူ(၁၂)ဦးအနက် မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင် ရွာနေ ဒေါ်ခင်သန်းအေး(ခ)ဒေါ်သန်းမြင့်(၅၅)ပါ ကျား ၂ ဦး၊ မ ၉ ဦး၊ စုစုပေါင်း(၁၁)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ဖြူးပြည်သူ့ဆေးရုံသို့တင်ပို့ကုသကာ ယာဉ်မဆင်မခြင် မောင်းနှင်သူ စိန်မြင့်အား ဖြူးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment