Thursday, September 26, 2013

အရက်သောက်စားပြီးမူးယစ်ရမ်းကားသူ အရေးယ

ူ နေပြည်တော်၊ စက်တင်ဘာ ၂၅ ၂၄-၉-၂၀၁၃ ရက်နေ့ ၀၈၂၀ အချိန် မင်းလှမြို့နယ်၊ ပေတောကျေးရွာနေ မြင့်မိုး (၂၄)နှစ်အား အရေးယူပေးရန်တိုင်ကြားချက်အရ မင်းလှမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက် စစ်ဆေးခဲ့ရာ ၁၉-၉-၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် မင်းလှမြို့နယ်၊ ပေတောကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများ ကျောင်းကော်မတီအစည်းအဝေးပြုလုပ်နေစဉ် မြင့်မိုးသည် အရက်သေစာ သောက်စားမူးယစ်ပြီး ဆူပူရမ်းကားခဲ့ကြောင်းသိရှိရသည်။ ထို့ပြင် မြင့်မိုးသည် ယခင်ကလည်း ထိုကဲ့သို့ ဆူပူရမ်းကားသဖြင့် ၀န်ခံကတိပြုလုပ်သတိပေးထားသော်လည်း လိုက်နာမှုမရှိဘဲ ကျေးရွာအေးချမ်း သာယာရေးကိုထိခိုက်အောင်ပြုလုပ်ခဲ့ကြောင်းသိရှိရသောကြောင့် မြင့်မိုးအား မင်းလှမြို့မရဲစခန်း (ပ)၉၅/၂၀၁၃၊ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment