Friday, September 20, 2013

ဘရိတ်ပေါက်သည့်ယာဉ်က ဆိုင်ကယ်(၁)စီးနှင့်ယာဉ်(၁၀)စီးအား ဆင့်ကဲတိုက်မိ နေပြည်တော်၊

 ဘရိတ်ပေါက်သည့်ယာဉ်က ဆိုင်ကယ်(၁)စီးနှင့်ယာဉ်(၁၀)စီးအား ဆင့်ကဲတိုက်မိ နေပြည်တော်၊ စက်တင်ဘာ ၂၀ ၁၉-၉-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် မန္တလေးမှမူဆယ်သို့ နှမ်း(၁၆)တန်တင်ဆောင်လာသော စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်နေ သန်းမြင့်(၄၁)နှစ်မောင်းနှင်လာသည့် ၉ခ/xxxx (၁၂)ဘီး နစ်ဆန်းယာဉ်သည် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၈)၊ ရေပန်းလမ်းဆုံ (ပြည်ထောင်စုကားလမ်း)အနီးအရောက်တွင် ဘရိတ်ပေါက်၍လေပေါင်လျော့နည်းကာ ၎င်းရှေ့မှသွားနေသော ဆိုင်ကယ်(၁)စီးနှင့် ၂ဂ/xxxx ယာဉ်ပါယာဉ်(၁၀)စီးအား ဆင့်ကဲတိုက်မိခဲ့သည်။ ထိုသို့တိုက်မိမှုကြောင့် ဆိုင်ကယ်စီးနင်းသူ မစန်းမြဦးတွင် ယာပါးပွန်းပဲ့ဒဏ်ရာနှင့် ဒေါက်တာနန်းဆွမ်ခမ်းတွင် ယာခြေသလုံးပေါက်ပြဲဒဏ်ရာ၊ ၈ည/xxxx လိုက်ထရပ်ယာဉ်မောင်း ဇော်မင်းနိုင်တွင် ၀ဲ/ယာခြေသလုံးပေါက်ပြဲဒဏ်ရာနှင့် ယာဉ်ပေါ်ပါ ဒေါ်နေနီလွင်တွင် ၀ဲခြေကျင်းဝတ်ကျိုးဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် လားရှိုးဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး သန်းမြင့်အား လားရှိုးမြို့မရဲစခန်း ယာဉ်(ပ)၄၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment