ဆိုင်ကယ်စီးနင်းအသုံးပြုသူ အလွန်များလျက်ရှိသော စစ်ကိုင်းတိုင်း၏မြို့တော် မုံရွာမြို့တွင် ဆိုင်ကယ် ထိုင်ခုံအောက် မှ အံဝှက်အတွင်း၌ ... ဆိုင်ကယ်စီးနင်းအသုံးပြုသူ အလွန်များလျက်ရှိသော စစ်ကိုင်းတိုင်း၏မြို့တော် မုံရွာမြို့တွင် ဆိုင်ကယ် ထိုင်ခုံအောက် မှ အံဝှက်အတွင်း၌ ပိုက်ဆံများကိုသော့ခတ်ထည့်ထားလေ့ရှိရာ ယခုအခါထိုအံဝှက်ကိုဖွင့်၍ ပိုက်ဆံခိုးမှုများ အများအပြား ဖြစ်ပွားနေသည်။ မုံရွာမြို့ခံ သီးနှံပွဲစားတစ်ဦးက “စားသောက်ဆိုင်နဲ့ ဘဏ်တွေမှာ ရပ်ထားလေ့ရှိတဲ့ ဆိုင်ကယ်တွေမှာ အဲ့ဒီလို ခိုးယူ ခံရတာများပါတယ်” ဟုပြောသည်။ လုပ်ငန်းရှင်အများစုသည်လည်း ဆိုင်ကယ်စီးနင်းကြသဖြင့် ၎င်းတို့၏ငွေကြေးပမာဏအများအပြားကိုပင် ဆိုင်ကယ် ထိုင်ခုံအောက်ရှိ အံဝှက်အတွင်းထည့်၍ ယူဆောင်လာတတ်ကြသည်။ ထိုဒေသမှ အထူးမှုခင်းနှိမ်နင်းရေးအကူအဖွဲ့မှ ရဲအရာရှိတစ်ဦးကလည်း မုံရွာမြို့မှ လက်ဘက်ရည် ဆိုင်ပိုင်ရှင် တစ်ဦးဆိုလျှင် ဆိုင်ကယ်ဖြင့် မုံရွာအနီးရှိရွာတစ်ရွာမှပြန်လာစဉ် မိုးရွာလာသဖြင့် ခေတ္တမိုးခိုရန် စားသောက်ဆိုင် တစ်ခုရှေ့၌ ဆိုင်ကယ်ရပ်ထားစဉ် ထိုင်ခုံအောက်ရှိ အံဝှက်အတွင်းထည့်ထားသော ငါးထောင်ကျပ်တန် ငွေစက္ကူ ၁၀ အုပ် (တန်ဖိုးကျပ်သိန်း ၅၀)အခိုးခံရဖူးကြောင်း အတည်ပြုပြောကြား သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လည်း ယခုလ ၁၁ ရက်က ယင်းမာပင် မြို့မရဲစခန်းက အမှုအမှတ် (ပ) ၁၀၄/၂၀၁၃ နှင့် အမှုဖွင့်ထားပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ ဖြင့် တရားစွဲရန် စီစဉ်နေကြောင်းလည်း ၎င်းက ဆိုသည်။ အလားတူပင် ပြီးခဲ့သည့် ဧပြီလ နှောင်းပိုင်းကလည်း မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ်များရှေ့တွင် ရပ်နားထားသည့် ဆိုင်ကယ်တချို့၏ အံဝှက်အတွင်းမှ ငွေများခိုးယူခံရသည့် အဖြစ်အပျက်များရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က လုံခြုံရေးကင်မရာ မှတ်တမ်းများတွင် တွေ့ရှိထားသည်။ Post by Mizzima - News in Burmese. Visit website http://pktkmk.blogspot.com/?m=1
No comments:
Post a Comment