ိ နေပြည်တော်၊ စက်တင်ဘာ ၂၅ ၂၃-၉-၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန်မှ ၂၂၀၀ အချိန်ထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပိုးစာတောကျေးရွာ၊ တံခွန်တိုင်ချောင်းဘေးရှိ ဦးမောင်မြင့်(၄၃)နှစ်၏ သက္ကယ်မိုး၊ ထရံကာနေအိမ်ပါ အိမ်(၃)လုံး၊ တန်ဘိုးငွေကျပ်(၂၇၀၀၀၀ိ/-)ခန့် ချောင်းအတွင်းမျောပါ သွားခဲ့သဖြင့် အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၅)ဦးအား နီးစပ်ရာဆွေမျိုးများထံသို့ ပြောင်းရွှေ့ပေးခဲ့ ကြောင်းနှင့် အဆိုပါချောင်းဘေးတွင်နေထိုင်သည့် ဦးတင်(၆၈)နှစ်မှာ လယ်တောသို့သွားရန် ချောင်းအား ဖြတ်ကူးစဉ်မျောပါသွားသဖြင့် တက်ရှိန်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။ http://pktkmk.blogspot.com/?m=1
No comments:
Post a Comment