Tuesday, September 3, 2013

Nokia ဖုန်းကုမ္မဏီ ကို Microsoft သို့ ရောင်းပြီ TechSpace Web Blog / 18 hours ago

  ယခုရက်ပိုင်းအတွင်းပဲ တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Nokia ရဲ့  မိုဘိုင်းဖုန်း စီးပွားရေးနဲ့ ဝန်ဆောင်မှု လုပ်ငန်းကို Microsoft တို့ အပြီးဝယ်ယူတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇.၁၇ ဘီလျံနဲ့ နှစ်ဦး နှစ်ဘက် သဘောတူပြီးသွားပြီ ဖြစ်ပါတယ်။ Nokia မှာ လက်ရှိ ရှယ်ယာထည့်ထားတဲ့ လုပ်ငန်းရှင်များအနေနဲ့ ဆက်လက် ပါဝင်ဖို့ ရှိမရှိ ကတော့ စောင့်ကြည့်ရမယ့် အခြေအနေ ရှိပါတယ်။ ဥရောပ - ဖင်လန်နိုင်ငံ အခြေဆိုက်တဲ့ Nokia ကို အများစုက မိုဘိုင်းဖုန်း ကုမ္မဏီထုတ်တဲ့ ကုမ္မဏီလို့ပဲ သိထားကြတာပါ။ အမှန်တော့ သူတို့လုပ်တဲ့ စီးပွားရေးက အင်မတန် များပါတယ်။ သို့ပေမယ့် ဝင်ငွေအများဆုံးရရှိတဲ့ လုပ်ငန်းက Mobile Division ဖြစ်ပါတယ်။ ယခုလို အပြီးတိုင် ရောင်းချ လိုက်မယ် လို့လည်း ဘယ်သူမှ ထင်မထားပါဘူး။ သို့ပေမယ့် တကယ်ရောင်းတော့မှာပါ။ ကုမ္မဏီလွဲပြောင်းမှုကို စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ Microsoft မှ အကြီးပိုင်ရာထူးအချို့ ကို Nokia Division သို့ ပြောင်းလဲ ထားရှိစေမှာ ဖြစ်ပါတယ်။ Nokia က အရင်တုန်းက အမေရိကန် Microsoft ရဲ့  ပါတနာ ကုမ္မဏီ ဖြစ်ပါတယ်။ Windows Phone OS ကို အသုံးပြုဖို့ ကန်ထရိုက်ယူပြီး ယနေ့တိုင် စမတ်ဖုန်း ထုတ်လုပ်နေခြင်း ဖြစ်ပါတယ်။ Nokia Lumia စီးရီးကလည်း စမတ်ဖုန်း ဈေးကွက်မှာ သိသိသာသာ နေရာရလာပါတယ်။ သို့ပေမယ့် ကုမ္မဏီရဲ့  ကျဆင်းနေတဲ့ စီးပွားရေးကို မကယ်တင် နိုင်ပါဘူး။ Android နဲ့ iOS ထွန်းကားပြီးနောက်ပိုင်း Nokia စမတ်ဖုန်း ရောင်းအား ကျလာတာ ယနေ့တိုင်ပဲ ဖြစ်ပါတယ်။ Windows Phone OS platform ကိုရွေးချယ်ခဲ့မှုအား Nokia တို့ ယနေ့တိုင် နောင်တ မရပါဘူး။ တစ်နေ့တစ်ချိန်မှာ Windows Phone OS ဟာလည်း အောင်မြင်တဲ့ စမတ်ဖုန်း OS ဖြစ်လာမယ်လို့ ယုံကြည် နေပေမယ့်လည်း ဆက်လက်တောင့်ခံဖို့ မလွယ်တဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ စီအီးအို Risto Sillasmaa က မိုဘိုင်း Division ကိုရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ Microsoft အနေနဲ့ ၎င်းတို့လက်ထဲမှာ Nokia ကို ကမ္ဘာ့အအောင်မြင်ဆုံး စမတ်ဖုန်း ထုတ်လုပ်ရေး ကုမ္မဏီတစ်ခု ဖြစ်လာဖို့ ကြိုးပမ်း သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ . Ref: mashable Aung Kham (TSJ team) . Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment