Thursday, September 12, 2013

ရွှေတူးသည့် လုပ်သားလေးဦး မြေပြို၍သေဆုံး သတင်း / 20 hours ago


 စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ပင် ဖာဖာကျေးရွာအနီးရှိ ဝှေပိန်းချောင်းမှ ရွှေလုပ်ကွက်တွင် မြေပြို၍ စက်တင်ဘာ ၉ ရက်မွန်းလွဲက ... စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ပင် ဖာဖာကျေးရွာအနီးရှိ ဝှေပိန်းချောင်းမှ ရွှေလုပ်ကွက်တွင် မြေပြို၍ စက်တင်ဘာ ၉ ရက်မွန်းလွဲက ရွှေလုပ်သားလေးဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှစုံစမ်းရရှိသည်။ အဆိုပါမြေပြိုကျမှုနှင့်ပတ်သက်၍ အခင်းဖြစ်ရာနေသို့ ဟုမ္မလင်းမြို့မရဲစခန်းမှူး ဒု-ရဲမှူးသိန်းဦးနှင့်အဖွဲ့ လာရောက် ခဲ့သည်ဟု ဒေသခံများကဆိုသည်။ မြေပြိုကျမှုနှင့်ပတ်သက်၍ သီးခြားသတင်းအတည်ပြုချက်ရယူနိုင်ရန် ဟုမ္မလင်းဒေသခံ ရွှေလုပ်ငန်းရှင် တစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းကသေဆုံးသွားခဲ့သည့် အမျိုးသားများမှာ ဖောင်းပြင်မြို့နယ်၊ ခုံသာရွာမှ လာရောက် အလုပ်လုပ်နေသည့် အသက် ၃၄ နှစ်အရွယ် ကိုဝင်းကျော်၊ ကနီမြို့နယ်၊ ချိုင်ရွာမှ အလုပ်လာလုပ်နေသည့် အသက် ၂၁ နှစ်အရွယ် မောင်မင်းသန်းနိုင်၊ ဖောင်းပြင်မြို့နယ်သည်မရွာမှ အသက် ၃၅ နှစ်အရွယ် ကိုအောင်အောင်စိုးတို့ ဖြစ်ကြကြောင်း ပြောသည်။ ထို့ပြင် သေဆုံးသူများထဲတွင် အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း၊ ၎င်းမှာ သည်မရွာမှ အလုပ်လာလုပ်သူ အသက် ၃၅ နှစ်အရွယ် မခင်စန်းရီဖြစ်ကြောင်း ထိုရွှေလုပ်ငန်းရှင်က ဆက်ပြောသည်။ အဆိုပါမြေပြိုကျချိန်တွင် ရေစုပ်စက်ကြီးများကို ဆယ်ယူနေသဖြင့် အသက်ဘေးနှင့် ကြုံခဲ့သော်လည်း လက်မတင် လွတ်မြောက်လာသူ နှစ်ဦးရှိကြောင်းလည်း ဒေသခံများကဆိုသည်။ သေဆုံးသူလူလေးဦးနှင့်ပတ်သက်၍ ဟုမ္မလင်းမြို့မရဲစခန်းမှ ထိုဖြစ်ရပ်၏ အကြောင်းအရင်းမှန်ကို စစ်ဆေး ဆောင်ရွက်ရန် သေမှုသေခင်းအမှတ်စဉ် ၁၆/ ၂၀၁၃ ဖြင့် အမှုဖွင့်ထားသည်ဟု စုံစမ်းရရှိသည်။ ရွှေတွင်း ကျေးရွာအုပ်စုနံဝလောင်း ရွှေမှော်လုပ်ကွက်ရှိ စိန်ရတနာကုမ္ပဏီပိုင် ရွှေသတ္တု တူးဖော်ရေး လုပ်ကွက် အမှတ် FSMN – ၆၆ လည်း လုပ်ငန်းခွင်တွင် မြေပြိုကျသဖြင့် ရွှေတူးဖော်ရေးလုပ်သားတစ်ဦး တွင်းပိ၍ သေဆုံး ခဲ့ရကြောင်း ၎င်းကုမ္ပဏီဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။ Post by Mizzima - News in Burmese. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment