် နေပြည်တော်၊ စက်တင်ဘာ ၁၂ ၁၂-၉-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန်မှ ၁၈၄၀ အချိန်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏အစီအစဉ်ဖြင့် COMMIT Task Force အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဘက်အတွင်းရေးမှူး၊ COMMIT Task Force အဖွဲ့ခေါင်းဆောင် ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ခင်မောင်စီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ အဆိုပါအစည်းအဝေးသို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ၀င်းနိုင်ထွန်းနှင့် ရဲအရာရှိကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး/ဒုတိယညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှတာဝန်ရှိသူများ၊ UNIAP, UNICEF, WVM, IOM, AFXB, Walk Free, SCM, ILO နှင့် AAPTIP မှ ကိုယ်စားလှယ်များ၊ စုစုပေါင်း(၆၇)ဦး တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ၀င်းနိုင်ထွန်းမှ လက်ရှိဆောင်ရွက်လျက်ရှိသော COMMIT လုပ်ငန်းများအားလည်းကောင်း၊ ILO မှ ဒုတိယဆက်သွယ်ညှိနှိုင်းရေးအရာရှိက မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုအဖြစ်များသော နယ်မြေဒေသ၊ ပုံစံ၊ သွင်ပြင်လက္ခဏာရပ်တို့ကို ဖော်ထုတ်ပေးမည့်စီမံချက်များအားလည်းကောင်း၊ AAPTIP မှ Mr.Willeun Psetovias က ၎င်းစီမံကိန်းမှ ဆောင်ရွက်မည့်စီမံကိန်းများအားလည်းကောင်း၊ UNIAP မှ အမျိုးသားစီမံချက်ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာအိအိချောက UNIAP ၏ ဆောင်ရွက်ချက်များအားလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ http://pktkmk.blogspot.com/?m=1
No comments:
Post a Comment