် နေပြည်တော်၊ စက်တင်ဘာ ၁၂ ၁၁-၉-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်မှ ၁၂၀၀ အချိန်ထိ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်အိမ်သုံးဆေးဝါးများ အလွဲသုံးမှု အန္တရာယ်ဆိုးကျိုးများ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲတွင် စမ်းချောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်သိန်း၊ မြို့နယ်တရားသူကြီး ဦးမျိုးလွင်၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ ပပ၀ါ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်သစ္စာမျိုးအောင်တို့က သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် အသီးသီး ဟောပြောခဲ့ကြပြီး ရန်ကုန်အနောက်မူးယစ်(အထူး)အဖွဲ့မှ ရဲအုပ် မျိုးကြည်က မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ်နှင့် တားဆီးနှိမ်နင်းရေးဆောင်ရွက်မှုများ၊ Dextromethorphan Hbr ပါဝင်သည့် အိမ်သုံးဆေးဝါးများဖြစ်သော Rodilar , Romila , Rotuss , Atussian စသည့် ချောင်းဆိုးပျောက်ဆေးများနှင့် အိမ်သုံးပစ္စည်းများဖြစ်သော အက်စစ်(၃)မျိုးနှင့်ရာဘာပြား၊ ကော်မှုန့်တို့ရောစပ်ထားသည့်ကော်ဗူးတို့ကို မူးယစ်ဆေးဝါးများ အသွင် အလွဲမသုံးကြရေးတို့အား ရှင်းလင်း ဟောပြောခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာ စန္ဒာမြငြိမ်း၊ ဆရာ/ ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း(၂၂၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ http://pktkmk.blogspot.com/?m=1
No comments:
Post a Comment