Wednesday, September 4, 2013

>မန္တလေးတွင် သန့်ရှင်းရေးအခွန် တစ်နှစ် ကျပ် ၇၂၀၀ အစား အမှိုက်တစ်တန်ခွဲ ကားတစ်စီးလျှင် ကျပ် ၃၅၀၀၀ သို့ ပြောင်းလဲကောက်ခံမည်

 Eleven Media Group< Thanks Re-posted By ACM 5-9-2013 https://www.facebook.com/excellencemedia "Created on Wednesday, 04 September

2013 18:24 မန္တလေးတွင် တစ်နှစ်စာ အမှိုက်ခွန်အစား ထွက်ရှိသည့် တန်ချိန်အလိုက် ပြောင်းလဲကောက်ခံ သွားမည်ဖြစ်ကြောင်း ရေနှင့်သန့်ရှင်းရေး ဌာနမှ စုံစမ်းသိရပါသည်။ လက်ရှိ သန့်ရှင်းရေးခွန် တစ်နှစ်လျှင် ၇၂၀၀ ကျပ် ကောက်ခံနေပြီး လုပ်ငန်းတစ်ခုနှင့်တစ်ခု အမှိုက်စွန့်ပစ်နှုန်း မတူညီသည့်အတွက် လက်ရှိကောက်ခံနေသည့် တစ်နှစ်စာ အခွန်အခနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် တန်ချိန်ဖြင့် ပြောင်းလဲကောက်ခံ ရဖြစ်ကြောင်း ရေနှင့်သန့်ရှင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။ "တစ်တန်ခွဲ ကားတစ်စီးကို ကားဆီခ၊ အလုပ်သမားခ အပါအ၀င် တစ်ခေါက်ကို ကျပ် ၃၅၀၀၀ သတ်မှတ်ထားပါတယ်။ အစိုးရ ဌာနဆိုင်ရာ လုပ်ငန်းတွေဆိုရင်တော့ ကျပ် ၂၀၀၀၀ ပါ။ ကိုယ်တိုင် အမှိုက်ကန် သွားပစ်ရင် ကျပ် ၃၀၀၀ နဲ့ ကျပ် ၅၀၀၀ ပါ။ ဆောက်လုပ်ရေးလုပ်ငန်းက စွန့်ပစ်ပစ္စည်းတွေကလည်း အမှိုက်ကန် လာပစ်ကြတယ်။ ကျွန်တော်တို့ သန့်ရှင်းရေးက အမှိုက်သိမ်းတယ်ဆိုတာ လူနေအိမ်တွေရဲ့ အမှိုက်တွေပဲ သိမ်းရမှာကို လုပ်ငန်းအသီးသီးရဲ့ အမှိုက်တွေပါ သိမ်းနေရတဲ့အတွက် ခုလိုပြောင်းလဲ ကောက်ခံရတာပါ" ဟု ဦးစိုးတင့်အောင်က ဆိုသည်။ စက်မှုလက်မှုလုပ်ငန်း စက်မှုလုပ်ငန်းသုံး စွန့်ပစ်အမှိုက်၊ ဥယျာဉ်ခြံမြေ စွန့်ပစ်အမှိုက် ဆောက်လုပ်ရေး လုပ်ငန်းသုံး စွန့်ပစ်အမှိုက်၊ စားသောက်ဆိုင်သုံး စွန့်ပစ်အမှိုက်များကို ယင်းသို့ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့တွင် အသုံးပြုလျက်ရှိသော အမှိုက်သိမ်းယာဉ် တစ်စီးအား တွေ့ရစဥ

် အေးချမ်းမွန် Credit To >Eleven Media Group< Thanks Re-posted By ACM 5-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment