Wednesday, November 6, 2013

စစ်ကိုင်းက တန်ဖိုးနည်း ဖုန်းအရှုပ်တော်ပုံ

ဖုန်းကဒ်တွေကို မဲစနစ်နဲ့ပေးမယ်တဲ့ ဒါပေမယ့် စစ်ကိုင်းမှာတော့ မဲစနစ်မဟုတ်ပါ အုပ်ချုပ်ရေးမှူးတွေရဲ့ ဆွေမျိုးတွေအကုန်ပေးပြီးတာတောင် မှ မ ကျေနပ်သေးဘဲ လျှောက်လွှာတွေလဲ ထပ်မတင် ခိုင်းဘဲ တင်ပြီးသား လျှောက်လွှာတွေလဲ တစ်ခုမှ မဲ မ ပေါက် အပြင် ဆိုင်တွေမှာတော့ ကဒ်မချိုးရ သေးတာတွေကို နာမည်ပေါက်နဲ့ 130000 ပေးပြီးဝယ်လို့ ရပါတယ် မဲကျ မ ပေါက် ဘဲ   အပြင် ဆိုင်တွေမှာတော့ ကဒ်တွေအများကြီး ကဲဘယ်သူတွေ ဘယ်လိုလုပ်ပေးနိုင်မလဲ!   ?????

တန်ဖိုးနည်းဖုန်းတွေက တန် ဖိုးကြီးဖုန်းတွေဖြစ်နေတာ ဘယ်သူမှ ဘာမှမပြောင်ူလဲပေးတော့ဘူးလား ?????

ပြောင်းလဲနေတာတွေအများကြီးပါ ဒီဖုန်းကဒ်တွေကြမှ မ ပြောင်းလဲဘဲ ဆက်သွယ်ရေးနဲ့ အုပ်ချုပ်ရေးမှူးတွေ ပိုချမ်းသာလာပါတယ်

သိချင် ရင် ဆက်သွယ်မေးမြန်းနိုင် ပါတယ်

အတိကျ သတင်းတွေ ရှိပါတယ်

နောက် ဆက်လက်တင် ပါဦးမယ်

PKT စစ်ကိုင်း

Labels: pkt

Thursday, October 31, 2013

စစ်ကိုင်းရဲ့ပြောင်းလဲမှုများ


14-7-2013 နေ့မှာ စစ်ကိုင်း ကုတင် 200 ပြည်သူ့ဆေးရုံကြီးမှာ ကျွန်တော်ရဲ့ သားလေး ဟိန်းထက်ဇော်ပေါ့ ဆေးရုံမှမွေးတဲ့ အချိန်တုန်းက ဖေ့ဘုတ်မှာတင် ခဲ့တာက ဘေဘီရတီဖြိုး နာမည်နဲ့ပေါ့နော် လိုတဲ့ဆေးဘဲ:၀ယ်ပြီး ဘာကုန်ကျစရိတ်မှ မ ပေးရဘဲ မွေးခဲ့ရတာ ပြောင်းလဲမှုကြီးတစ်ခုပေါ့

အခု လေးလပြည့်လို့ ပိုးတန်းရပ်ကွက် ရုံးမှာ လစဉ် 1 ရက်နေ့တိုင်း ကာကွယ်ဆေးလာထိုးပေးနေတဲ့ ဆရာမများကလဲ အားရ၀မ်းသာစရာပါဘဲ စအပြင် မှာ လေးငါးသောင်းပေးပြီးထိုးရတဲ့ဆေးတွေကို အခမဲ့ထိုးပေးပြီး သေချာရှင်းပြတာကလဲ ကျွန်တော်အတွက်တော့ ဒုတိယ မြောက်လေးစားစရာပြောင်းလဲမှုတွေပါဘဲလို့ အများပြည်သူများသိအောင် တင်ပြ ရေးသားပေးလိုက်ပါတယ်

PKT စစ်ကိုင်း

မျှဝေပေးကြပါ အမှန်ကန်လက်တွေ့ပါ

PKT Blogaway

Friday, October 18, 2013

သီတင်းကျွတ်လပြည့်နေ့ ကောင်းမှုတော်ဘုရားပွဲတော် ကို ဒီလိုဖျော်ဖြေ ရေးတွေနဲ့ ရပ်ကွက်တိုင်း ဖျော်ဖြေ ရေး ကိုယ်စီနဲ့ သွားရောက်ကြတာ ကျွန်တော်တို့ စစ်ကိုင်းမြို့ ရဲ့ ချစ်စရာတစ်ခုပေါ့


သီတင်းကျွတ်လပြည့်နေ့ ကောင်းမှုတော်ဘုရားပွဲတော် ကို ဒီလိုဖျော်ဖြေ ရေးတွေနဲ့ ရပ်ကွက်တိုင်း ဖျော်ဖြေ ရေး ကိုယ်စီနဲ့ သွားရောက်ကြတာ ကျွန်တော်တို့ စစ်ကိုင်းမြို့ ရဲ့ ချစ်စရာတစ်ခုပေါ့

http://pktkmk.blogspot.com/?m=1

Monday, October 14, 2013

စစ်ကိုင်းမြို့ ရှိ ရွှေပြည့်စုံ တည်းခိုခန်းတွင် ဗုံးပေါက်ကွဲ

15.10.2013 မနက် ၃ နာရီကျော်လောက်က ရွှေပြည့်စုံ တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ် ထိခိုက်မှု မရှိကြောင်း သိရပါတယ်

15.10.2013 မနက် 5 နာရီ တွင် စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင် တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ

http://pktkmk.blogspot.com/?m=1

http://pktkmk.blogspot.com/?m=1

http://www.youtube.com/channel/UCjGvH4LzkFsKJQFfltv0xEQ

 နှိပ်ပါ 

အားပေးပါ

http://pktkmk.blogspot.com/?m=1

ဒုက္ခသည် အမျိုးသမီး တဦး ပဟေဠိဆန်စွာ သေဆုံး ဧရာဝတီ / Nyatasay / 21 hours ago

 ပဟေဠိ ဆန်စွာ သေဆုံးနေတဲ့ ဒုက္ခသည် ကရင်အမျိုးသမီး (ဓာတ်ပုံ – Zerodahdoh Htoo / Facebook) ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည်စခန်းက အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတဦး ၂ ရက်ကြာ ပျောက်ဆုံးနေရာ က ဒီနေ့မနက်ပိုင်းမှာ ဒုက္ခသည်စခန်း အပြင်ဘက် ကားလမ်းဘေးက တောအုပ်ကြားကနေ သူ့ အလောင်းကို ပြန်လည် တွေ့ရှိရတယ်လို့ တာဝန်ရှိသူတွေက ပြောပြပါတယ်။ မရွှေလှအေး လို့ခေါ်တဲ့ အဲဒီ ကရင် အမျိုးသမီးဟာ တနင်္လာနေ့ နေ့လယ်ပိုင်းကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး အင်္ဂါနေ့က ဒုက္ခသည်စခန်းတခုလုံး ၀ိုင်းဝန်းရှာဖွေခဲ့ပေမယ့် မတွေ့ရှိဘဲ ဒီနေ့မနက် ၇ နာရီ လောက်မှ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ “တနင်္လာနေ့က စခန်းတွင်း ရိက္ခာဝေတဲ့ နေ့လေ။ ရိက္ခာ လက်ခံလာယူဖို့ သူ့နာမည်ခေါ်တဲ့အခါ သူ မရှိတော့ဘူး။ ဈေးဆိုင် သွားမယ်ဆိုပြီး ထွက်သွားတာတဲ့။ ညအထိ ပြန်မရောက်တာကြောင့် မိသားစုက လိုက်ရှာခဲ့တယ်။ မတွေ့တော့ ကျမတို့ဆီ အမှုလာတိုင်တယ်။ နောက်နေ့ မနက်အထိ မတွေ့တော့၂၄ ရက်နေ့မှာ သူ့ဓာတ်ပုံတွေကို စခန်းထဲမှာ လိုက်ကပ်ပြီး ထပ်ရှာ တယ်။ ဒီနေ့မနက်မှ စခန်းအပြင်ဘက် စိုးလု ရွာနား သွားတဲ့လမ်းဘေးမှာ ပြန်တွေ့တာ”လို့ ကရင် အမျိုးသမီး အစည်းအရုံး မှ ဒေါ်အေးက ဧရာဝတီကို ပြောပါတယ်။ အပေါ်ဝတ်အကျီ၊ ဘောင်းဘီနဲ့ အတွင်းခံတွေ မရှိတော့ဘဲ ဗလာစီယာ တထည်နဲ့ သူ့ အလောင်းပုံတွေကို ဖေ့စ်ဘုတ် စာမျက်နှာ တခုက တွေ့ရပါတယ်။ ဒုက္ခသည် စခန်းကော်မတီ ဥက္ကဌ စောအောနက် ကတော့ “သူ့ လည်ပင်းက ကျိုးနေတယ်။ ရင်ဘတ်မှာလည်း တခုခုနဲ့ ထုထားသလိုပဲ။ ဒါပေမယ့် မုဒိမ်းမှု ဟုတ်မဟုတ် ဆိုတာတော့ သေချာမပြောနိုင်ဘူး။ ထိုင်း တာဝန်ရှိသူတွေ စစ်ဆေးနေ တုန်းပါ”လို့ ပြောဆိုပါတယ်။ မနက် ၉ နာရီလောက်မှာပဲ ထိုင်းနိုင်ငံ မယ်လစခန်းနားက မယ်တန်မြို့နယ်က ထိုင်း မှုခင်းရဲ နဲ့ ထိုင်းဆရာဝန်တွေ လာရောက် စစ်ဆေးခဲ့ပြီး မုဒိမ်းမှု ဟုတ်မဟုတ်ဆိုတာ သေချာသိချင်ရင် ဘန်ကောက် ဆေးရုံကိုပို့ပြီး စစ်ဆေးရမယ်လို့ ဆိုတဲ့အတွက် ကျန်ရစ်တဲ့ မိသားစုဝင်တွေက ငွေကြေးမတတ်နိုင်တာကြောင့် တခါတည်း သင်္ဂြိုဟ်ဖို့ ဆုံးဖြတ်လိုက်ကြ ပါတယ်။ “သူတို့က ဗုဒ္ဒဘာသာဝင်တွေဆိုတော့ သူ့အလောင်းကို အိမ်ကို ပြန်မသယ်တော့ဘဲ သချိုင်းကုန်းကို သယ်သွားတယ်။ နောက်ပြီး ဘန်ကောက်သွားပြဖို့လည်း ပိုက်ဆံမရှိတော့ ဒီနေ့ နေ့လယ် ၂ နာရီမှာ သဂြိုဟ် လိုက်ကြတယ်။ ကျမတို့ကတော့ ဓာတ်ပုံမှတ်တမ်း သေချာယူထားပါတယ်”လို့ ဒေါ်အေးက ပြောတယ်။ မရွှေလှအေးဟာ လှိုင်းဘွဲ့မြို့ ဘီးလင်းရွာကဖြစ်ပြီး ဒုက္ခသည်စခန်းက ကုလသမဂ အသိအမှတ်ပြုလက်မှတ်နဲ့ စခန်းထဲမှာ ၁၀ နှစ်ကျော် နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ ကလေး၂ ယောက်မိခင် မုဆိုးမ တဦးဖြစ်ပြီး မောင်နှမ၊ အဒေါ်တွေနဲ့ အတူ မယ်လ စခန်း ရပ်ကွက် ၂ (Zone B2) မှာ နေထိုင်တာ ဖြစ်ပါတယ်။ အိမ်နီးနားချင်း တဦး ဖြစ်တဲ့ အမိုးကြီးက “သူက တအားအေးပြီး စကားလည်း သိပ်မပြောတဲ့လူ။ ဘယ်လိုဖြစ်သွားတယ် ဆိုတာ ဘယ်သူမှ အတိအကျ မသိဘူး။ ၂၃ ရက်နေ့လယ်က စပြီး သူပျောက်သွားတာ”လို့ ပြောပြတယ်။ အခုသေဆုံးသူမှာ တက် တတ်တဲ့ ရောဂါရှိပြီး စိတ်သိပ်ပုံမှန် မဟုတ်ဘူးလို့ ပြောကြပါတယ်။ သူ့ရဲ့ နားကပ်နဲ့ ငွေသားတွေ ဒီအတိုင်းရှိနေပြီး အလောင်းကလည်း ပုပ်လာနေတာကြောင့် မုဒိမ်းကျင့်ခံရတာ ဟုတ်မဟုတ်ကို ဘယ်သူမှ အသေအချာ မပြောနိုင်ဘဲ ပဟေဠိလို ဖြစ်နေပါတယ်။ ဒုက္ခသည်စခန်းတွင်းမှာ မုဒိမ်းကျင့်မှုတွေ တနှစ်ကို ၂ မှု ၃ မှု ဖြစ်ပွားမှုရှိပေမယ့် အခုလိုမျိုး စခန်း အပြင်ဘက်မှာ သေဆုံး နေတဲ့ အမှုမျိုးကတော့ ဖြစ်ခဲတယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။ မယ်လ ဒုက္ခသည် စခန်းမှာ လူဦးရေ ၅ သောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည် တသိန်း ခြောက်သောင်း လောက် ရှိကြောင်း ကူညီ ကယ်ဆယ်ရေးနဲ့ အထောက်အပံ့ပေးရေး အဖွဲ့တွေရဲ့ စာရင်းအရ သိရတယ်။ အဲဒီ စခန်းတွေကတော့ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လဦး၊ မယ်ရာမို၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း စတဲ့ စခန်း ၇ ခုနဲ့ ကရင် နီ စခန်း အမှတ် (၁)၊ အမှတ် (၂) စခန်းတို့ ဖြစ်ပါတယ်။ ဒုက္ခသည်တွေဟာ အစိုးရတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ၁၉၈၃ ခုနှစ်လောက်ကတည်းက စတင် ထွက်ပြေး ရောက်ရှိလာကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ The post ဒုက္ခသည် အမျိုးသမီး တဦး ပဟေဠိဆန်စွာ သေဆုံး appeared first on ဧရာဝတီ. Visit website 

http://pktkmk.blogspot.com/?m=1

မိမိ အရည်အချင်းနှင့် မမှီသော အလုပ်ကို လျှောက်သင့် မလျှောက်သင့် TechSpace Web Blog / 21 hours ago

 အောင်ခမ်း ( TSJ Team ) မိတ်ဆွေသူငယ်ချင်းတွေလည်း လာလာတိုင်ပင်ကြတယ်။ လက်ရှိ ကိုင်ထားတဲ့ ဘွဲ့လက်မှတ်နဲ့ အခြား Certificate များကို ပေါင်းလို့ အဲ့အလုပ် ရာထူးကို လျှောက်လို့ရမရပေါ့။ အများစုကတော့ မရလို့ စိတ်ညစ်ပြီး လှည့်ပြန်တဲ့သူတွေချည်းပါပဲ။ ဒီတော့ အဲ့လို အလုပ်အခြေအနေမှာ ယင်း အလုပ်ကို လျှောက်သင့် မလျှောက်သင့် တွေဝေနေသူများကို ဒီဆောင်းပါးလေးနဲ့ အကြံပေး တိုက်တွန်း လိုက်ရ ပါတယ်။ ဆိုကြပါစို့။ ကုမ္မဏီက အလုပ်ခေါ်တယ်။ လုပ်သက်က ၁၀ နှစ်၊ လိုချင်တဲ့ ဘွဲ့က MBA . ဒါ့အပြင် ပြောမကုန်အောင် များလိုက်တဲ့ အရည်အချင်း။ အမှန်တော့ အဲဒါတွေ ကုမ္မဏီက တကယ်လိုတယ်ကော ထင်လို့လား။ လိုတယ်လို့ ထားပါတော့။ အဲ့ဒါကို ၁၀၀ ရာခိုင်နှုန်း ပြည့်မှီတဲ့သူကရော် ရှိကော ရှိပါ့မလား။ ကုမ္မဏီက သူလိုချင်တဲ့ ခရိုင်တီးရီးယား တစ်ခု သတ်မှတ်လိုက်ပေမယ့် လာလျှောက်တဲ့သူတွေထဲက အနီးစပ် ဆုံးကို ရွေးချယ်သွားကြတာ ချည်းပါပဲ။ ဒီတော့ လျှောက်သင့်မလျှောက်သင့် မေးလာသူများကို Yes လို့ပဲ ဖြေချင်ပါတယ်။ သို့ပေမယ့် ယင်း ပရော်ဖက်ရှင် ဆီကို သွားနေတဲ့ Track ပေါ်မှာတော့ ရှိရမယ်နော်။ တတ်ထားတဲ့ ပညာက ဒီဇိုင်းဖက်ရှင်၊ သွားလျှောက်တဲ့ အလုပ်က အိုင်တီ မန်နေဂျာတော့ မရဘူးလေ။ ဆိုင်ရာ ဆိုင်ရာပေါ့။ အိုကေ ဆက်ကြည့်ရအောင်။ Bridge the Gap ကွာဟနေတဲ့ အပိုင်းတွေကို လိုက်လံ ဖြည့်ဆည်းဖို့ပါ။ ဒီမှာ ဖြည့်ပုံဖြည့်နည်းက ၂ နည်းရှိပါတယ်။ အချိန်တို ဖြည့်နည်းနဲ့ ပုံမှန်ဖြည့်နည်းပေါ့။ ဥပမာ လျှောက်မယ့် ရာထူးက မန်နေဂျာ။ ကိုယ်က စီမံခန့်ခွဲမှုနဲ့ ပက်သက်လို့ အတွေ့အကြုံမရှိ၊ မတတ်ထားသေးဘူး ဆိုပါစို့။ အင်တာဗျူးကလည်း တစ်ပတ်လောက်ပဲ လိုတော့တယ်။ ဒီလိုမျိုးဆိုရင် တစ်ပတ်အတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ် စာအုပ်တစ်အုပ်ကို အမြန်ဖတ်၊မှတ်လို့ အင်တာဗျူးအတွက် ပြင်ဆင်သွားစေချင် ပါတယ်။ အလုပ် ရလိုက်ပြီ ဆိုပါစို့။ ဒါဆိုရင်တော့ ယင်း ပညာ အတွက် ကျောင်း၊ သင်တန်း တစ်ခုကနေ ပုံမှန်လေး လိုက်ဖြည့် သင်ကြားတဲ့နည်းနဲ့ Gap ကို ဖြည့်နိုင်ပါပြီ။ Don’t tell them you’d be great ဒီမှာ အလုပ်ရှင်ဆီကို ကျနော် လုပ်နိုင်တယ်ဆိုတဲ့အချက်ထက် လုပ်ချင်တယ်ဆိုတဲ့ အချက်ကို ချပြရမှာပါ။ ဘာလို့လဲဆို ကိုယ့်ဆီမှာ လုပ်နိုင်တဲ့ အရည်အချင်းက မပြည့်ဝသေးဘူးလေ။ သို့ပေမယ့် လုပ်ချင်တဲ့ စိတ်က အင်မတန် ပြင်းထန်နေဖို့လိုတယ်။ ဒါကို လည်း တစ်ဖက်က သိအောင် ပြပေးရမယ်။ အဲ့လိုမဟုတ်ပဲ လုပ်နိုင်တယ် ဘာညာနဲ့ ဝင်လိုက်ရင် အလုပ်ရခဲ့ရင်တောင် ကမောက်ကမတွေ ဖြစ်သွား နိုင်ပါတယ်။ Find a Connection အလုပ် ရာထူး မရခင် ရှာရမယ့် connection က တစ်မျိုး၊ ရပြီးချိန် ရှာရမယ့် Connection က တစ်မျိုးပါ။ မရခင် အရင်လေ့လာရအောင်။ အချို့ က အလုပ်ရှာဖို့အတွက် ကိုယ့် Network ထဲကပဲ အချင်းချင်း Recommend ပေးပြီး ခန့်သွားတယ်။ အရည်အချင်းကျတော့ ကုမ္မဏီလိုချင်တဲ့ ခရိုင်တီးရားကို မမှီးဘူး။ သို့ပေမယ့် Trusted Connection က ပေးတဲ့ Recommend ကြောင့် ရာထူး တစ်ခုကို လွယ်လွယ်ရနိုင်တယ်။ နောက် တစ်ဆင့် ကတော့ အလုပ်ရပြီး ရှာရမယ့် Connection ပါ။ ကိုယ်က ဒီရာထူးအတွက် အရည်အချင်း ပြည့်မှီဖို့ ကြိုးစားနေဆဲ။ ယူထားတဲ့ တာဝန်ကလည်း ခပ်များများ။ ဒါဆိုရင်လုပ်ရမှာပါ။ အချိတ်အဆက်များနဲ့ ပူးပေါင်းဆောင်ရွက်မှုပါ။ ကိုယ်က ရာထူးကြီးကြီးတစ်ခုခုကို ယူလိုက်ပေမယ့် ထုတ်ပြနိုင်တာက နည်းတယ်။ ဒါဆိုရင် ထုတ်ပြနိုင်တဲ့ လူမျိုးတွေကို များများချိတ်ရမယ်။ ကုမ္မဏီကြည့်မှာက Productivity လေ။ အများအားဖြင့် ပေါ့။ ဒါကို ရနိုင်ဖို့ Connection တွေထဲကနေလည်း အဆင်ပြေအောင် ကြိုးစားဖန်တီးနိုင်တဲ့ အရည်အချင်း ရှိရပါမယ်။ မိတ်ဆွေသူငယ်ချင်းဆီက အကူအညီတောင်းလို့ရတဲ့ အနေအထား။ ကိုယ်ယူလိုက်တဲ့ ရာထူးအတွက် နောက်ကွယ်ကနေ သွန်သင် Support လုပ်ပေနေမယ့် ဆရာကောင်း။ ဒါမျိုးတွေ ရှိထားရင် အဆင်ပြေပါတယ်။ Opportunity ရှာမှီးမှုက အခြားရယ်လို့မဟုတ် အိုင်တီလောကသားတွေ အတွက်လည်း လိုအပ်နေတဲ့ Gap တစ်ခုမို့ ရည်ရည်ရေးသားရခြင်းပါ။ ဒီတော့ အလုပ်ရာထူးတစ်ခုလျှောက်ဖို့ လက်တွန့်၊ အတွေးတွန့်နေသူများ အတွက် ရှေ့ ဆက်တိုး ရင်ဆိုင်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက် ရပါတယ်။ . Ref:mashable . Visit website 

http://pktkmk.blogspot.com/?m=1

စစ်ရေး အခြေအနေ သတင်းများ ထုတ်ပြန်မည့် ကာကွယ်ရေးဝက်ဘ်ဆိုက် လွှင့်တင်မည် ဧရာဝတီ / Nyatasay / 21 hours ago

  ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့်ဖြစ်ပွားသော တိုက်ပွဲ အခြေအနေ သတင်းများ၊စစ်ရေး အခြေအနေသတင်းများ အပါအ၀င် တပ်မတော်နှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်မည့် ကာကွယ်ရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်တခုကို လွှင့်တင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ကာကွယ်ရေး ၀န်ကြီးဌာန က အချိန်နှင့်တပြေးညီသတင်းများ ပြန်ကြားထုတ်လွှင့်နိုင်မည့် ၀က်ဘ်ဆိုက်တခု ရေးဆွဲ လျက် ရှိပြီး ယင်းဝက်ဘ်ဆိုက်တွင် တပ်မတော်နှင့်ပတ်သက်သော သတင်းများ၊ စစ်ရေးအခြေအနေသတင်းများအပြင် သတင်း မီဒီယာက သိရှိမေးမြန်းလိုသော အကြောင်းအရာများကို ချက်ချင်း ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီး ဌာန ရုံးအဖွဲ့မှူး ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။ “မကြာခင်မှာ ကာကွယ်ရေး ၀က်ဘ်ဆိုက် လွှင့်တင်တော့မယ်။ တပ်မတော်နဲ့ပတ်သက်တဲ့သတင်း၊ စစ်ရေးသတင်းတွေ ပါမယ်။ သိချင်တာတွေရှိရင် အဲဒီကနေ မေးလို့ရမယ်´´ဟု ဦးကျော်သူက ပြောသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တြိဂံတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးသက်လွင်ထူးက ကာကွယ်ရေးဝက်ဘ်ဆိုက်တခု ထပ်မံ ပေါ်ထွန်း လာသည့် အတွက် စစ်ရေး သတင်းများ ရယူသိရှိနိုင်သည့် သတင်းရင်းမြစ်တခုထပ်မံ တိုးပွားခြင်းဖြစ်ပြီး ယခင်က တပ်မတော် နှင့်ပတ်သက်သော သတင်းများရယူရန် မြ၀တီ သတင်းစာနှင့် မြ၀တီ သတင်းဝက်ဘ်ဆိုက်ကိုသာ အဓိက အားကိုး ရကြောင်း ဧရာဝတီသို့ပြောသည်။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးသီဟစောက လတ်တလော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ စစ်တပ်တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲသတင်းများကို သတင်းမီဒီယာများက ဖော်ပြရေးသားကြရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ အလွယ်တကူ ဆက်သွယ် မေးမြန်းနိုင်သော်လည်း အစိုးရ စစ်တပ်ဘက်မှ အသံရရှိရန် အမြဲခက်ခဲသောကြောင့် တဖက်သံ အသံများနှင့်သာ သတင်းရေးသားဖော်ပြကြောင်း၊ ကာကွယ်ရေး ၀န်ကြီးဌာနအနေဖြင့် ၀က်ဘ်ဆိုက်လွှင့်တင်မှုကို ကြိုဆိုပြီး သတင်း မျှတစွာ ဖော်ပြနိုင်ရန် ပိုမိုလွယ်ကူလာမည် ဖြစ်ကြောင်း၊ ယခုအခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးက အွန်လိုင်းတွင် ၀က်ဘ်ဆိုက် ၊ လူမှုကွန်ရက် စာမျက်နှာများ ဖွင့်လှစ်ထားသဖြင့် သတင်းစီးဆင်းမှုမှာ စစ်တပ်သတင်းထုန်ပြန်မှုထက် ပိုမို မြန်ဆန်ကြောင်း ပြောသည်။ “တိုင်းရင်းသားတွေဘက်က သတင်းကမြန်တယ်။ စစ်တပ်ဘက်က ဆက်သွယ်ရတာ မလွယ်ဘူး။ အခုလို ၀က်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်တာမျိုး၊ အဲဒီမှာ လှမ်းမေးလို့ရတဲ့ အီးမေးလ်အကောင့်တွေ ထားပေးထားမယ်ဆိုရင် ကျနော်တို့ သတင်းသမားတွေအတွက် ပိုအဆင်ပြေလာမယ်´´ ဟု ဦးသီဟစောက ဆိုသည်။ ကာကွယ်ရေး ၀န်ကြီးဌာနသည် မြ၀တီ ရုပ်မြင်သံကြား၊ သဇင် FM ၊မြ၀တီ သတင်းစာ၊ မြ၀တီ သတင်းဝက်ဆိုက်၊ ငွေတာရီ မဂ္ဂဇင်း အပါအ၀င် ရုပ်သံလွှင့်မီဒီယာ၊ ပုံနှိပ်မီဒီယာ၊ အွန်လိုင်းမီဒီယာနှင့် သတင်းမီဒီယာလုပ်ငန်းများကို တည်ထောင် လုပ်ကိုင်လျက်ရှိသည်။ The post စစ်ရေး အခြေအနေ သတင်းများ ထုတ်ပြန်မည့် ကာကွယ်ရေးဝက်ဘ်ဆိုက် လွှင့်တင်မည် appeared first on ဧရာဝတီ. Visit website 

http://pktkmk.blogspot.com/?m=1

မန္တလေး တက္ကသိုလ်တွင် ဦးရာဇတ် ရုပ်တုထားခွင့် ဆိုင်းငံ့ခံရ ဧရာဝတီ / Nyatasay / 20 hours

ဆရာကြီး ဦးရာဇတ် မန္တလေးတက္ကသိုလ်တွင် ဆရာကြီး ဦးရာဇတ်၏ ပုံတူ ကြေးသွန်းရုပ်တု ထားရှိမှုကို ဆိုင်းငံ့ခံရပြီး ပထမဆုံး ကျောင်းအုပ်ကြီး ဆရာ ဦးကိုကိုလေး၏ ပုံတူ ကြေးသွန်း ရုပ်တုကိုသာ ထားရှိခွင့် ရခဲ့ကြောင်း သိရသည်။ ဆရာဦးကိုကိုလေး၏ ပုံတူ ကြေးသွန်း ရုပ်တုကို စက်တင်ဘာလ ၂၃ ရက်နေ့က မန္တလေးတက္ကသိုလ် ပင်မ အဆောက်အုံ ရှေ့တွင် မန္တလေး တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူဟောင်းများ ဦးဆောင်ကာ ဆရာ ဦးကိုကိုလေး၏ မွေးနေ့ ရာပြည့်ပွဲ အထိမ်းအမှတ် ပုံတူကြေးသွန်း ရုပ်တု စိုက်ထူပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ မန္တလေး တက္ကသိုလ်စတင် တည်ထောင်ခဲ့သူ ဆရာကြီး ဦးရာဇတ်နှင့် ဆရာဦးကိုကိုလေး တို့၏ ပုံတူ ကြေးရုပ်တုများကို ယင်းတက္ကသိုလ်တွင် ထားရှိရန်အတွက် ၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်နေ့က စာတင်ခဲ့သော်လည်း ဦးရာဇတ်ပုံတူ ရုပ်တု ထားရှိမှုကို အချိန် ဆိုင်းငံ့ထားရန် ညွှန်ကြားခံရပြီး ဦးကိုကိုလေး ရုပ်တုကိုသာ ထားရှိခွင့် ရခဲ့ခြင်း ဖြစ်ကြောင်း ရာပြည့်ပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်မောင်က ဧရာဝတီသို့ ပြောသည်။ “ဆရာကြီး ဦးရာဇတ်ရုပ်တု ထားရှိဖို့အတွက်က ပထမဦးစားပေးပါ။ ဒုတိယက ဆရာ ဦးကိုကိုလေးပါ။ ဒါပေမယ့် ပညာရေးဝန်ကြီးက ဆရာ ဦးရာဇတ် ရုပ်တုကို ထားရှိဖို့အတွက် အချိန်စောင့်ခိုင်း ပါတယ်။ ဘာအတွက် စောင့်ခိုင်းလဲ ဆိုတာတော့ ကျနော်တို့လည်း မသိပါဘူး။ ဒါကြောင့် ဆရာဦးကိုကိုလေးရဲ့ ရုပ်တုကိုပဲ သူ့နှစ်တရာပြည့်တဲ့နေ့မှာ ရာပြည့်ပွဲလေး ကျင်းပပြီး ကြေးရုပ်တုကို တက္ကသိုလ်ရှေ့မှာ ထားရှိခဲ့တာပါ” ဟု ၎င်းက ဆိုသည်။ မန္တလေး အခြေစိုက် အစ္စလမ်ဘာသာဝင် များကလည်း ဆရာဦးရာဇတ်၏ ရုပ်ထု ထားရှိမှု ဆိုင်းငံ့ခံရခြင်းသည် တန်ဖိုးမြင့်သည့် သမိုင်းဆိုင်ရာ အထောက်ထားများ ငြင်းပယ်ခံရသည့် အနေထား ဖြစ်နေသည့်အတွက် သမိုင်းတွင် ဆုံးရှုံးနစ်နာမှုများ ရှိနေရုံသာမက ရုပ်တုစိုက်ထူမှုတွင် ခွဲခြားဆက်ဆံမှု ခံနေရသည့်အတွက် စိတ်မကောင်း များစွာ ဖြစ်ရကြောင်း ပြောဆိုကြသည်။ “ဆရာ ဦးရာဇတ်နဲ့ ဆရာဦးကိုလေးတို့က တကယ့် ပညာရှင်ကြီးတွေပါ။ မျိုးချစ် ပုဂ္ဂိုလ်တွေဆိုလည်း မမှားပါဘူး။ ဆရာကြီး ဦးရာဇတ်ရဲ့ ပထမဆုံးကျင်းပခဲ့တဲ့ ရာပြည့် မွေးနေ့ပွဲတုန်းက ရုပ်တုထားရှိဖို့အတွက် ကျင်းပရေး ဆပ်ကော်မတီဖွဲ့ပြီး လုပ်ဆောင်ခဲ့တာ ရှိခဲ့ဖူးပါတယ်။ အဲဒီအချိန် တုန်းကတော့ ဘာအခက်ခဲမှ မရှိခဲ့ပါဘူး။ ခုလို ရုပ်တုစိုက်ထူပွဲမှာ ဆရာကြီး ဦးရာဇတ် ရုပ်တု မပါဝင်သေးဘူး ဆိုတော့ စိတ်မကောင်း ဖြစ်မိပါတယ်” ဟု ဆရာကြီး ဦးရာဇတ်၏ ပထမဆုံးအကြိမ် ရာပြည့် မွေးနေ့ပွဲ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဖြစ်ခဲ့သူ တရားလွှတ်တော် ရှေ့နေ ဦးထွန်းလွင်ဦးက ဧရာဝတီသို့ ပြောသည်။ နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန (အထက်မြန်မာပြည်) ရုံးသို့ ယင်းအခြေနေကို ဖုန်းဆက် မေးမြန်းသည့်အခါ တာဝန်ရှိသူများက အထက်ပါကိစ္စကို မသိရှိကြောင်း၊ ယင်းကိစ္စသည် ၎င်းတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဖုန်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။ ဆရာကြီး ဦးရာဇတ်နှင့် ဦးကိုကိုလေးတို့သည် မြန်မာနိုင်ငံ အင်္ဂလိပ်ခေတ် လက်အောက် ရောက်ရှိသည့် အချိန်က အမြော်အမြင် ကြီးစွာဖြင့် မန္တလေးတက္ကသိုလ်ကို စတင် တည်ထောင်ခဲ့ကြသည့် မျိုးချစ်ပုဂ္ဂိုလ် နှစ်ဦး ဖြစ်သည်။ မန္တလေး တက္ကသိုလ်သည် မြန်မာနိုင်ငံတွင် မြန်မာများ တည်ထောင်ခဲ့သည့် ပထမဆုံးသော တက္ကသိုလ်လည်း ဖြစ်သည်။ အင်္ဂလိပ်အစိုးရသည် ၁၈၂၄ ခုနှစ်မှ ၁၉၂၀ ခုနှစ်ထိ နှစ် ၁၀၀ နီးပါး မြန်မာနိုင်ငံကို အုပ်ချုပ်စဉ် ကာလက မြန်မာပြည်တွင် တက္ကသိုလ် မရှိသေးပေ။ ၁၉၂၀ ခုနှစ် ရောက်ရှိမှသာ ရန်ကုန်တွင် တက္ကသိုလ် စဖွင့်ပေးခဲ့သည်။ သို့သော်လည်း ယင်းတက္ကသိုလ်သို့ မရှိဆင်းရဲသူများ မတက်နိုင်ခဲ့ပေ။ ကျောင်းအိပ်၊ ကျောင်းစား ဘော်ဒါဆောင်နေ ကျောင်းသားများ ကိုသာ ရန်ကုန်တက္ကသိုလ်မှ လက်ခံခဲ့သည့် အတွက် ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် အထက်တန်းလွှာမှ ကျောင်းသားများသာ တက်ရောက် နိုင်ခဲ့သည်။ ဆရာကြီး ဦးရာဇတ်သည် ယင်းအချိန်က အမျိုးသားပညာရေး ကောင်စီမှ ကျင်းပသော B.A (အမျိုးသားကောလိပ်) ဘွဲ့ကို ရယူခဲ့ကာ ၁၉၂၃ ခုနှစ် မန္တလေး ဗဟိုအမျိုးသား အထက်တန်း ကျောင်းတွင် ဆရာအဖြစ် လည်းကောင်း၊ ကျောင်းအုပ်ကြီး အဖြစ် လည်ကောင်း ဒုတိယ ကမ္ဘာစစ်အထိ နှစ်ပေါင်း ၂၀ တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုအချိန်က မြန်မာပြည်တွင် ရန်ကုန်၊ စစ်ကိုင်း၊ မကွေး၊ စစ်တွေ၊ မြစ်ကြီးနား မြို့များတွင်သာ အစိုးရ အထက်တန်းကျောင်း ရှိပြီး မန္တလေးတွင် မရှိသေးပေ။ ဗိုလ်ချုပ်အောင်ဆန်း ကြားဖြတ်အစိုးရ အဖွဲ့ ဖွဲ့ပြီးချိန်တွင် ဆရာကြီး ဦးရာဇတ်က ပညာရေး ၀န်ကြီး ဖြစ်လာခဲ့သည်။ ဦးရာဇတ် ပညာရေး ၀န်ကြီး ဖြစ်လာချိန်မှသာ မန္တလေးတွင် ကောလိပ် ဖြစ်ပေါ်လာစေရန်အတွက် ကြိုးပမ်း ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်သည်။ ဆရာကြီး ဦးကိုကိုလေးကို မန္တလေး ယူနီဗာစီတီ ကောလိပ် ကျောင်းအုပ်အဖြစ် ဆရာကြီး ဦးရာဇတ်က တာဝန် ထမ်းဆောင် စေခဲ့သည်။ “ဆရာကြီး ဦးရာဇတ်ရဲ့ ကြေးသွန်းရုပ်တုက ထုပြီးသားပါ။ လောလောဆယ် ထားခွင့် မရသေးတဲ့အတွက် ကျနော်တို့ သိမ်းထား ပါတယ်” ဟု မန္တလေး တက္ကသိုလ် ကျောင်းသားဟောင်းဖြစ်သူ နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ဦးပိုမြင့်က ပြောသည်။ ဆရာဦးကိုကိုလေး၏ ပုံတူကြေးရုပ်ထုမှာ ကြေးပိဿာချိန် ၁၁၀ ရှိပြီး အမြင့် ၄ ပေ၊ အလျား ၂ ပေ ရှိကာ စုစုပေါင်း ကုန်ကျငွေ ကျပ် ၂၄ သိန်း ဖြစ်သည်။ နောင်လာနောင်သားများက ဆရာကြီးများ၏ စိတ်ဓာတ်နှင့် ရည်ရွယ်ချက် ကြီးမားပုံတွေကို ကြိုးစား အားထုတ်မှုတွေကို အားကျ အတုယူစေရန် အတွက် ပညာရေး ဖခင်ကြီး နှစ်ဦး၏ ပုံတူ ကြေသွန်းရုပ်တု မန္တလေး တက္ကသိုလ်တွင် သမိုင်းဝင် စိုက်ထူရန် ကြိုးပမ်းကြခြင်း ဖြစ်ကြောင်း သိရသည်။ The post မန္တလေး တက္ကသိုလ်တွင် ဦးရာဇတ် ရုပ်တုထားခွင့် ဆိုင်းငံ့ခံရ appeared first on ဧရာဝတီ. Visit website 

http://pktkmk.blogspot.com/?m=1