Thursday, September 26, 2013

မိမိ အရည်အချင်းနှင့် မမှီသော အလုပ်ကို လျှောက်သင့် မလျှောက်သင့် TechSpace Web Blog / 21 hours ago

 အောင်ခမ်း ( TSJ Team ) မိတ်ဆွေသူငယ်ချင်းတွေလည်း လာလာတိုင်ပင်ကြတယ်။ လက်ရှိ ကိုင်ထားတဲ့ ဘွဲ့လက်မှတ်နဲ့ အခြား Certificate များကို ပေါင်းလို့ အဲ့အလုပ် ရာထူးကို လျှောက်လို့ရမရပေါ့။ အများစုကတော့ မရလို့ စိတ်ညစ်ပြီး လှည့်ပြန်တဲ့သူတွေချည်းပါပဲ။ ဒီတော့ အဲ့လို အလုပ်အခြေအနေမှာ ယင်း အလုပ်ကို လျှောက်သင့် မလျှောက်သင့် တွေဝေနေသူများကို ဒီဆောင်းပါးလေးနဲ့ အကြံပေး တိုက်တွန်း လိုက်ရ ပါတယ်။ ဆိုကြပါစို့။ ကုမ္မဏီက အလုပ်ခေါ်တယ်။ လုပ်သက်က ၁၀ နှစ်၊ လိုချင်တဲ့ ဘွဲ့က MBA . ဒါ့အပြင် ပြောမကုန်အောင် များလိုက်တဲ့ အရည်အချင်း။ အမှန်တော့ အဲဒါတွေ ကုမ္မဏီက တကယ်လိုတယ်ကော ထင်လို့လား။ လိုတယ်လို့ ထားပါတော့။ အဲ့ဒါကို ၁၀၀ ရာခိုင်နှုန်း ပြည့်မှီတဲ့သူကရော် ရှိကော ရှိပါ့မလား။ ကုမ္မဏီက သူလိုချင်တဲ့ ခရိုင်တီးရီးယား တစ်ခု သတ်မှတ်လိုက်ပေမယ့် လာလျှောက်တဲ့သူတွေထဲက အနီးစပ် ဆုံးကို ရွေးချယ်သွားကြတာ ချည်းပါပဲ။ ဒီတော့ လျှောက်သင့်မလျှောက်သင့် မေးလာသူများကို Yes လို့ပဲ ဖြေချင်ပါတယ်။ သို့ပေမယ့် ယင်း ပရော်ဖက်ရှင် ဆီကို သွားနေတဲ့ Track ပေါ်မှာတော့ ရှိရမယ်နော်။ တတ်ထားတဲ့ ပညာက ဒီဇိုင်းဖက်ရှင်၊ သွားလျှောက်တဲ့ အလုပ်က အိုင်တီ မန်နေဂျာတော့ မရဘူးလေ။ ဆိုင်ရာ ဆိုင်ရာပေါ့။ အိုကေ ဆက်ကြည့်ရအောင်။ Bridge the Gap ကွာဟနေတဲ့ အပိုင်းတွေကို လိုက်လံ ဖြည့်ဆည်းဖို့ပါ။ ဒီမှာ ဖြည့်ပုံဖြည့်နည်းက ၂ နည်းရှိပါတယ်။ အချိန်တို ဖြည့်နည်းနဲ့ ပုံမှန်ဖြည့်နည်းပေါ့။ ဥပမာ လျှောက်မယ့် ရာထူးက မန်နေဂျာ။ ကိုယ်က စီမံခန့်ခွဲမှုနဲ့ ပက်သက်လို့ အတွေ့အကြုံမရှိ၊ မတတ်ထားသေးဘူး ဆိုပါစို့။ အင်တာဗျူးကလည်း တစ်ပတ်လောက်ပဲ လိုတော့တယ်။ ဒီလိုမျိုးဆိုရင် တစ်ပတ်အတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ် စာအုပ်တစ်အုပ်ကို အမြန်ဖတ်၊မှတ်လို့ အင်တာဗျူးအတွက် ပြင်ဆင်သွားစေချင် ပါတယ်။ အလုပ် ရလိုက်ပြီ ဆိုပါစို့။ ဒါဆိုရင်တော့ ယင်း ပညာ အတွက် ကျောင်း၊ သင်တန်း တစ်ခုကနေ ပုံမှန်လေး လိုက်ဖြည့် သင်ကြားတဲ့နည်းနဲ့ Gap ကို ဖြည့်နိုင်ပါပြီ။ Don’t tell them you’d be great ဒီမှာ အလုပ်ရှင်ဆီကို ကျနော် လုပ်နိုင်တယ်ဆိုတဲ့အချက်ထက် လုပ်ချင်တယ်ဆိုတဲ့ အချက်ကို ချပြရမှာပါ။ ဘာလို့လဲဆို ကိုယ့်ဆီမှာ လုပ်နိုင်တဲ့ အရည်အချင်းက မပြည့်ဝသေးဘူးလေ။ သို့ပေမယ့် လုပ်ချင်တဲ့ စိတ်က အင်မတန် ပြင်းထန်နေဖို့လိုတယ်။ ဒါကို လည်း တစ်ဖက်က သိအောင် ပြပေးရမယ်။ အဲ့လိုမဟုတ်ပဲ လုပ်နိုင်တယ် ဘာညာနဲ့ ဝင်လိုက်ရင် အလုပ်ရခဲ့ရင်တောင် ကမောက်ကမတွေ ဖြစ်သွား နိုင်ပါတယ်။ Find a Connection အလုပ် ရာထူး မရခင် ရှာရမယ့် connection က တစ်မျိုး၊ ရပြီးချိန် ရှာရမယ့် Connection က တစ်မျိုးပါ။ မရခင် အရင်လေ့လာရအောင်။ အချို့ က အလုပ်ရှာဖို့အတွက် ကိုယ့် Network ထဲကပဲ အချင်းချင်း Recommend ပေးပြီး ခန့်သွားတယ်။ အရည်အချင်းကျတော့ ကုမ္မဏီလိုချင်တဲ့ ခရိုင်တီးရားကို မမှီးဘူး။ သို့ပေမယ့် Trusted Connection က ပေးတဲ့ Recommend ကြောင့် ရာထူး တစ်ခုကို လွယ်လွယ်ရနိုင်တယ်။ နောက် တစ်ဆင့် ကတော့ အလုပ်ရပြီး ရှာရမယ့် Connection ပါ။ ကိုယ်က ဒီရာထူးအတွက် အရည်အချင်း ပြည့်မှီဖို့ ကြိုးစားနေဆဲ။ ယူထားတဲ့ တာဝန်ကလည်း ခပ်များများ။ ဒါဆိုရင်လုပ်ရမှာပါ။ အချိတ်အဆက်များနဲ့ ပူးပေါင်းဆောင်ရွက်မှုပါ။ ကိုယ်က ရာထူးကြီးကြီးတစ်ခုခုကို ယူလိုက်ပေမယ့် ထုတ်ပြနိုင်တာက နည်းတယ်။ ဒါဆိုရင် ထုတ်ပြနိုင်တဲ့ လူမျိုးတွေကို များများချိတ်ရမယ်။ ကုမ္မဏီကြည့်မှာက Productivity လေ။ အများအားဖြင့် ပေါ့။ ဒါကို ရနိုင်ဖို့ Connection တွေထဲကနေလည်း အဆင်ပြေအောင် ကြိုးစားဖန်တီးနိုင်တဲ့ အရည်အချင်း ရှိရပါမယ်။ မိတ်ဆွေသူငယ်ချင်းဆီက အကူအညီတောင်းလို့ရတဲ့ အနေအထား။ ကိုယ်ယူလိုက်တဲ့ ရာထူးအတွက် နောက်ကွယ်ကနေ သွန်သင် Support လုပ်ပေနေမယ့် ဆရာကောင်း။ ဒါမျိုးတွေ ရှိထားရင် အဆင်ပြေပါတယ်။ Opportunity ရှာမှီးမှုက အခြားရယ်လို့မဟုတ် အိုင်တီလောကသားတွေ အတွက်လည်း လိုအပ်နေတဲ့ Gap တစ်ခုမို့ ရည်ရည်ရေးသားရခြင်းပါ။ ဒီတော့ အလုပ်ရာထူးတစ်ခုလျှောက်ဖို့ လက်တွန့်၊ အတွေးတွန့်နေသူများ အတွက် ရှေ့ ဆက်တိုး ရင်ဆိုင်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက် ရပါတယ်။ . Ref:mashable . Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment