Huawei ဖုန်းတွေကို Firmware တင်နည်း နောက်တစ်နည်းပါ … ဒါကတော့ Firmware ပျက်နေတဲ့ဖုန်းတွေမှာ SD card Slot ပျက်နေရင် firmware ပြန်တင်ရခက်ပါတယ် … ဒါကြောင့် Tool နဲ့တင်နည်းလေး တင်ပေးလိုက်ပါတယ် …ဒီပို့စ်လေးအတွက် ကိုသစ်ကပ်ပန်းကိုလဲကျေးဇူးတင်ပါတယ်ဗျာ. ကဲလိုအပ်တာလေးကိုတော့ အောက်က Download Here မှာ ဒေါင်းသွားပါ..ဒေါင်းလို့ပြီးရင် ဒေါင်းထားတဲ့ဖိုင်လေးကို Zip ဖြည်လိုက်ပါ... ပြီးရင်တော့ Zip ဖြည်ပြီးရင်တော့ ဖိုင်ထဲမှာပါတဲ့ NewMultiDownloadU လေးကို run ပေးပါ Password တောင်းလာခဲ့ရင် Huawei လို့သာပစ်ထည့်လိုက် …. (ပွင့်သွားရော) အပေါ်ဆုံးက Allow Upgrade …… ဆိုတာကြီးကို ကိုယ်နဲ့မဆိုင်သလိုမေ့ထားလိုက် … ဆိုင်တာက Please Select File ဆိုတဲ့အပိုင်းပဲ... Firmware ဆိုတဲ့ဖိုင်နေရာမှာကိုယ်တင်ချင်တဲ့ UPDATE.APP ကိုထည့်ပေး … အောက်တစ်ကြောင်းမှာ ဒေါင်းလုပ်ဆွဲတုန်းကပါလာတဲ့စာသုံးဖိုင်ထဲက WH62406270ML01Ver1003(SmartPhone) ဆိုတဲ့ဖိုင်ကိုရွေးပေးလိုက်ပြီးတာနဲ့ NEXT ရွေးပေးလိုက်ဗျာ …ခုဖုန်းကို Downloading mode (Vol + & Vol – & Power) ၀င်ပြီး PC နဲ့ချိတ်ပါ … PC မှာသိပြီဆိုရင် Scan & Download ကိုနှိပ်ပေးလိုက်ပေတော့ … အားလုံးပြီးလို့ Phone မှာ Ok လို့ပြရင် Battery ဖြုတ် ပြန်ပွင့်လာရင်ကောင်းသွားပြီမှတ် … Root ကတော့သက်ဆိုင်ရာနည်းတွေနဲ့သာကိုင်ပေတော့ … POST BY >>> စစ်ကိုင်းသား credit >> Julian အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Download Here ! Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်.. http://pktkmk.blogspot.com/?m=1
No comments:
Post a Comment