Friday, September 13, 2013

နန်းဆုရတီစိုး၏ ဒုတိယမြောက်တစ်ကိုယ်တော်စီးရီးကို Gold Disc ဖြင့် ဖြန့်ချိ သတင်း / 19 mins ago

  နန်းဆုရတီစိုး၏ “ရှေ့ဆက်သွားမှာပဲ” ဒုတိယမြောက် တစ်ကိုယ်တော်တေးစီးရီးကိုGold Disc ဖြင့် မြန်မာနိုင်ငံ၌ စက်တင်ဘာ ၁၈ ... နန်းဆုရတီစိုး၏ “ရှေ့ဆက်သွားမှာပဲ” ဒုတိယမြောက် တစ်ကိုယ်တော်တေးစီးရီးကိုGold Disc ဖြင့် မြန်မာနိုင်ငံ၌ စက်တင်ဘာ ၁၈ ရက်တွင် The Sun တေးထုတ်လုပ်ရေးမှ ပထမဆုံးဖြန့်ချိလိုက်ပြီ ဖြစ်သည်။ ယင်းသို့ ဖြန့်ချိသည့်အတွက် အခွေ၏ အရည်အသွေးမှာ ကြာရှည်ခံနိုင်ခြင်း၊ လွယ်လင့်တကူ ကူးယူ ဖြန့်ချိနိုင်မှုမရှိခြင်း စသည်တို့အပြင် ယင်းအခွေရောင်းချရသည့် အရေအတွက်ကိုပါ လွယ်လင့်တကူ ကြည့်ရှု နိုင်မည်ဖြစ်ကြောင်း နန်းဆုရတီစိုးက ပြောကြားခဲ့သည်။ “ဒီအခွေက ထူးထူးခြားခြားပါပဲ။ ကူးခွေရန်ကို ကာကွယ်တာတင်မဟုတ်ဘဲ အရည်အသွေး ကောင်းကောင်းပေးချင်တဲ့ အတွက် Gold Disc နဲ့သုံးစွဲထားတာပါ။ ဘန်ကောက်မှာ သွားပြီးလုပ်ကိုင်ထားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံဂီတအစည်းအရုံးက ပထမဆုံးဘားကုတ်နဲ့ ထုတ်ဝေခွင့်ပြု တဲ့အခွေလည်း ဖြစ်ပါတယ်။ ပထမအခွေ တုန်းကတော့ ပြည်ပမှာ သွားရောက်ဖြစ်ပါတယ်။ ဒီအခွေကိုလည်း လာကမ်းလှမ်းတာ တွေရှိပါတယ်။ မသေချာသေးပါဘူး။ အခွေ ပရိုမိုးရှင်းအနေနဲ့တော့ စက်တင်ဘာ ၂၂ ရက် မှာ ဟက်ပီးဝေါလ်၊ အောက်တိုဘာ ၆ ရက် မှာ လှိုင်သာယာက ဗစ်တိုးရီးယားတို့မှာ ပါဝင်တဲ့ အဆိုတော် တွေနဲ့ အတူ လက်မှတ်ထိုးဖျော်ဖြေမှာပါ။ အဲဒီ့အပြင် နန်းဆုနဲ့ ညစာအတူစား ပြီး အမှတ်တရလက်ဆောင်ပေးအပ်တဲ့ အစီအစဉ်လည်း လုပ်ထားပါတယ်”ဟု နန်းဆုရတီစိုးကဆိုသည်။ နန်းဆုရတီစိုးနှင့် ညစာအတူသုံးဆောင်ပြီး အမှတ်တရ လက်ဆောင်ပေးအပ်မည့်အစီအစဉ် ပါဝင်လိုသူများသည် နန်းဆုရတီစိုး၏ ဖေ့စ်ဘွတ်တွင် like လုပ်ကာ အသေးစိတ် ၀င်ရောက်ကြည့်ရှုနိုင်သည်။ ယခုထွက်ရှိသည့် စီးရီးတွင် POP၊ R&B၊ JUZZ၊ COUNTRY ဂီတအမျိုးအစားများပါဝင်ပြီး နောင်နောင် (SF)၊ မြင့်မိုးအောင်၊ အရိုး၊ SKY၊ ဇ၀ါ၊ သားစိုး၊ မိုးမိုး၊ ကျော်ထွဋ်ဆွေ၊ ဆိုတေး၊ အောင်သူ၊ ဖြိုးလေး (SNARE) တို့မှ တေးသီချင်းများကို ရေးသားထားသည်။ Featuring ကို ဆိုတေး၊ ကျော်ထွဋ်ဆွေ၊ မိုးယံ ဇွန်၊ ရှိုင်းဝေယံတို့မှ ကူညီပေးထားပြီး Arrangement ကို ကျော်ထွဋ်ဆွေ၊ DJ MAS၊ TEDDY တို့က ကူညီထားသည်။ “ရှေ့ဆက်သွားမှာပဲ” စီးရီးအား METAL ZONE တီးဝိုင်းဖြင့် တီးခတ်ထားပြီး PRO MUSIC၊ NAWARA NOZE CITY ESUS 5 တွင် အသံသွင်းယူထားခြင်းဖြစ်ကာ ဟာမိုနီကို EVER GLADES မှ ကူညီပေးထားသည်။ Post by Mizzima - News in Burmese. Visit website  

http://kmksgg.blogspot.com/?m=1 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment