Wednesday, September 4, 2013

အာဆီယံချန်ပီယံရှစ်အမျိုးသမီးဘောလုံးပြိုင်ပွဲအား Channel 7 မှ တိုက်ရိုက်ပြမည် သတင်း / 18 hours ago

  ၂၀၁၃ ခုနှစ် အာဆီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံတွင် စက်တင်ဘာ ၉ ရက်မှ ၂၂ ရက် နေ့အထိ ကျင်းပမည်ဖြစ်ပြီး ... ၂၀၁၃ ခုနှစ် အာဆီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံတွင် စက်တင်ဘာ ၉ ရက်မှ ၂၂ ရက် နေ့အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကစားမည့် ပွဲစဉ်များအား Channel 7 ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသမည် ဖြစ်သည်။ လက်ရွေးစင် အမျိုးသမီးအသင်းကစားမည့် အုပ်စုပွဲစဉ်များနှင့် ဗိုလ်လုပွဲ၊ တတိယ နေရာလုပွဲစဉ်များကို Channel 7 ရုပ်သံလိုင်း နှင့် MRTV-4 ၏ ဆက်စပ်ရုပ်သံလိုင်းဖြစ်သည့် For Sports ရုပ်သံလိုင်းတို့တွင် ပြသွားမည်ဖြစ်ပြီး အခြားအုပ်စုပွဲစဉ်များကို For Sports ရုပ်သံလိုင်းမှ ပြသမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စု (ခ)တွင် ဂျပန် ယူ-၂၃ ၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား အသင်း တို့နှင့် တစ်အုပ်စုထဲကျနေပြီး အုပ်စု (က)တွင် သြစတြေးလျ ယူ-၁၉၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ ဂျော်ဒန်အသင်းတို့ ပါဝင်နေသည်။ အာဆီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲစဉ်များကို တစ်ရက်လျှင် နှစ်ပွဲနှုန်းကျင်းပမည်ဖြစ်ပြီး လက်မှတ်တစ်စောင်ဝယ်ယူထားပါက နှစ်ပွဲကြည့်ရှုခွင့်ရမည်ဖြစ်သည်။ အစော ပိုင်း ပထမပွဲစဉ်ကို ညနေ ၃း၃၀ နာရီခွဲတွင် ကျင်းပမည်ဖြစ်ပြီး ဒုတိယပွဲစဉ်ကို ည ၇း၃၀ နာရီခွဲတွင် ကျင်းပ မည်ဖြစ်ပြီး ပွဲစဉ်များအားလုံးကို ရန်ကုန်မြို့၊ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးကွင်း၌ ကျင်းပမည်ဖြစ်သည်။ Post by Mizzima - News in Burmese. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment