သင့်ကိုယ်ကျိုးတွက်၊ငဲ့မကွက်ဘဲ ပြည်တွက်ကောင်းအောင် ကြိုးစားဆောင်သည် ခေါင်းဆောင်အသင်ပီသည်တကား။ စေတနာလည်းရှိ၊ဥာဏ်လည်းရှိ၍ သတ္တိလည်းကောင်း စိတ်ဓာတ်ကောင်းသည် ခေါင်းဆောင်အသင် ပီသည်တကား။ စည်းစိမ်မမက်၊မာန်မတက်ဘဲ လက်တွဲပြည်သူ၊များရှင်လူနှင့် အေးတူပူမျှ၊သင်နေပြ၍ လောကကောင်းအောင် ပြည်ကျိုးဆောင်သည် ခေါင်းဆောင်အသင် ပီသည်တကား။ ထို့ကြောင့်ပြည်သူ၊များရှင်လူတို့ ကြည်ဖြူချစ်ခင်၊မေတ္တာဝင်၍ သင်သွားလေရာ၊အတူပါလျှက် ညီညာလက်တွဲ၊အပွဲပွဲကို ဆင်နွှဲအောင်ခဲ့သည်တကား
ကဗျာဆရာတင်မိုးရဲ့အပိုင်းအစ {TTT} အေးချမ်းမွန် Credit To >ရဲရဲတောက် ဒီမိုများ< Thanks Re-posted By ACM 5-9-2013 https://www.facebook.com/excellencemedia http://pktkmk.blogspot.com/?m=1
No comments:
Post a Comment