Thursday, September 26, 2013

တရုတ်နိုင်ငံထုတ် ခြင်ဆေးခွေစားမိ၍ အမျိုးသမီးတစ်ဦးသေဆုံး သတင်း / 40 mins ago

 ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာတွင် အမျိုးသမီးတစ်ဦး တရုတ်ပြည်မှလာသော ကျင်းထုံ အမည်ရှိ ခြင်ဆေးခွေ များ စားရာမှ  ... ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာတွင် အမျိုးသမီးတစ်ဦး တရုတ်ပြည်မှလာသော ကျင်းထုံ အမည်ရှိ ခြင်ဆေးခွေ များ စားရာမှ စက်တင်ဘာ ၂၃ ရက်တွင် သေဆုံးခဲ့သည်။ အမှုတွင် ညောင်ပင်သားကျေးရွာ အနီး လယ်တောထဲတွင် အမျိုးသမီးတစ်ဦး ခြင်ဆေးခွေများ စားသဖြင့် အသက် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိ နေကြောင်း နံနက် ၁၁ နာရီအချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ သတင်းပေးချက်အရ ဆင်အင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ကြသည်။ ထို့ကြောင့် အခင်းဖြစ်ရာအရပ်မှာ ညောင်ပင်သာ ကျေးရွာရှိ လယ်စောင့်တဲတွင်ဖြစ်ပြီး ခြင်ဆေးခွေများ စားသူမှာ မရီရီဦး(၂၁)နှစ်၊ ကျားမြောက်ကျေးရွာနေသူ ဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့ကြောင့် သူမအား အချိန်မီ ကယ်ဆယ်နိုင်ရန် ရွှေဘို ပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာဖြင့် ကယ်ဆယ်ပို့ဆောင်ပေး ခဲ့သည်ဟု သိရသည်။ သို့သော်လည်း ယင်းနေ့ ညနေ ၅ နာရီခန့်တွင် သေဆုံးသွားခဲ့သည်ဟု ဆင်အင်နယ်မြေ ရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးက ပြောခဲ့သည်။ ယင်းသေဆုံးမှုတွင် မရီရီဦးသည် မည်သည့်အတွက်ကြောင့် ခြင်ဆေးခွေများ စားသုံးခဲ့ခြင်းကို မသိရှိသေးပေ။ ယင်းသေဆုံးမှုကို သာမန် သွေးရိုးသားရိုး သေဆုံးခဲ့ခြင်း ဟုတ်၊ မဟုတ် ဆက်လက် စစ်ဆေးမည်ဖြစ်သဖြင့် ဆင်အင်နယ်မြေရဲ စခန်းက သေမှုသေခင်းအမှတ်စဉ် (၄/ ၂၀၁၃)ဖြင့် အမှုဖွင့်ထားသည်။ Post by Burma News from Mizzima. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment