ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ နေ့စဉ်ထုတ်ဝေသော မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar ... ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ နေ့စဉ်ထုတ်ဝေသော မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar သတင်းစာများကို ကွန်ပျူတာ၊ Tablet နှင့် မိုဘိုင်းဖုန်းများမှ တစ်ဆင့် ဖတ်ရှုနိုင်ပြီ ဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် စက်တင်ဘာ ၁၁ ရက် က ကြေညာထားသည်။ သတင်းစာများကို ကွန်ပျူတာမှတစ်ဆင့် ဖတ်ရှုလိုသူများသည် www.moi.gov.mm/npe/mal နှင့် www.moi.gov.mm/npe/nlm ၀က်ဘ်ဆိုဒ်လိပ်စာများတွင် ဖတ်ရှုနိုင်သည်။ Android မိုဘိုင်းဖုန်းများနှင့် Tablet များမှတစ်ဆင့် ဖတ်ရှုလိုသူများအတွက် m.moi.gov.mm/npe/mal, m.mol.gov.mm/npe/km နှင့် m.moi,gov.mm/nlm၀က်ဘ်ဆိုဒ်လိပ်စာများမှတစ်ဆင့် ဖတ်ရှုနိုင်သည်။ ဖုန်းနှင့် tabalet များအတွက် ဖတ်ရှုနိုင်ရန်google Playstore ၏ Categories တွင် News and magazines ကို ရွေးချယ်ပြီး မြန်မာ့အလင်း၊ ကြေးမုံနှင့် The News Light of Myanmar အမှတ်တံဆိပ်ပါ Application Icon များကိုနှိပ်ပြီး Install လုပ်ယူနိုင်သည်။ Download ချပြီး ဖတ်ရှုနိုင်ရန်အတွက် မိုဘိုင်းဖုန်းများနှင့် Tablet များပေါ်တွင် Acrobat Reader Version ကို ဦးစွာ Install လုပ်ထားရန် လိုအပ်သည်။ ipad၊ i Phone များတွင် အသုံးပြုနိုင်ရန်အတွက်မူ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ ယင်းသို့ သတင်းစာများကို မိုဘိုင်းဖုန်းပေါ်တွင် ဖတ်ရှုနိုင်ခြင်းနှင့်ပတ်သက်ပြီး အိုင်တီပညာရှင်တစ်ဦးဖြစ်သူ ကိုဇော်ဇော်မျိုးလွင်က “မိုဘိုင်းဖုန်းကိုင်ပြီး သတင်းစာဖတ်လို့ရတာ ကောင်းတာပေါ့။ မိုဘိုင်းဖုန်း သုံးတယ်ဆိုရင် အင်တာနက်လည်း သုံးသူများလာတယ်။ မိုဘိုင်းအင်တာနက်သုံးတဲ့သူ တစ်သန်းကျော် သွားပြီဆိုတော့ ပျံ့နှံ့မှုက အဲဒီလိုင်းထဲကို ၀င်သွားတဲ့သဘောဆိုတော့ ကောင်းပါတယ်။ application တွေက စမတ်ဖုန်းတွေအတွက် ထုတ်တာပဲ။ စမတ်ဖုန်းသုံးတာဖြစ်တဲ့အတွက် အနိမ့်ဆုံး Android 2.0 အထက်ဖုန်းတွေ မျက်နှာပြင်အကျယ်က သုံးလက်မခွဲအထက်ဖုန်းတွေမှ ကြည့်လို့ကောင်းမှာပါ”ဟု ပြောသည်။ ယင်းအပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအစီအစဉ်များကို မိုဘိုင်းဖုန်းပေါ်မှ စတင်ကြည့်ရှုနိုင်မည့် အစီအစဉ်ကို လည်း ပြီးခဲ့သည့်ဇူလိုင် ၁၅ ရက်က စတင်ခဲ့သည်။ Post by Mizzima - News in Burmese. Visit website http://pktkmk.blogspot.com/?m=1
No comments:
Post a Comment