Sunday, September 15, 2013

အစိုးရ သတင်းထုတ်ပြန်မှု အကျဉ်းသားတွေ မကျေနပ်လို့ဆန္ဒပြ မြန်မာဌာန / 12 hours ago

  စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ကော့သောင်းမြို့ အကျဉ်းထောင်မှာဖြစ်ပွားခဲ့တဲ့  ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့တဲ့ အပေါ် အကျဉ်းသားတွေက မကျေနပ်တာကြောင့် ဒီကနေ့ ဆန္ဒပြခဲ့ကြတယ်လို့ ကော့သောင်း မြို့ခံတစ်ဦးကပြောပါတယ်။ အခုလို ပဋိပက္ခတွေဖြစ်ပွားခဲ့တာကြောင့် အကျဉ်းကျနေသူတွေရဲ့ မိသားစုတွေ၊ ၈၈ မျိုးဆက်အဖွဲ့က ကော့သောင်းမြို့နယ် တာဝန်ခံတွေနဲ့ NLD ပါတီကကိုယ်စားလှယ်တွေဟာ အကျဉ်းကျနေသူတွေကို တွေ့ဆုံခွင့် တောင်းခံခဲ့ပေမယ့် တွေ့ဆုံခွင့် မရခဲ့ပါဘူး။ ဒီကနေ့မှာ တခြားထောင်ပိုင်တစ်ဦးကို ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ အစိုးရတာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းမှုတွေ ပြုလုပ်နေတာကြောင့် ညှိနှိုင်းမှုတွေ ပြီးစီးမှသာ တွေ့ဆုံခွင့် ပြုနိုင်မယ်လို့ ပြောကြားခဲ့တယ်လို့လဲ အကျဉ်းထောင်ရှေ့ကို သွားရောက်ခဲ့သူတွေက RFA ကို ပြောပါတယ်။ Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment