Thursday, September 12, 2013

ဖမ်းဆီးခံတောင်သူတွေ ကို ပြန်လွှတ်ပေးဖို့ ပုသိမ်မှာ လယ်သမားများ ဆန္ဒပြ မြန်မာဌာန / 10 hours ago

  ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်း၊ ငပုတောမြို့နယ်အပါအဝင် မြို့နယ် ၇ ခုလောက်က ထောင်ဂဏန်းနီးပါးလောက် ရှိတဲ့ လယ်သမားတွေဟာ ပုသိမ်မြို့ မြို့တော်ခန်းမရှေ့ကနေ မြို့နယ်တရားရုံးရှေ့အထိ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဒီလိုဆန္ဒပြရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး မော်လမြိုင်ကျွန်းမြို့နယ်က လယ်သမား ဦးအောင်အောင်က RFA ကို အခုလို ပြောပါတယ်။ ပုဒ်မ ၄၄၇ နဲ့ ဖမ်းဆီးထားတဲ့လယ်သမားတွေကို ပြန်လွှတ်ပေးရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြရခြင်းဖြစ်ပါတယ်” ဒီနေ့ဆန္ဒပြပွဲကို မော်လမြိုင်ကျွန်း၊ ငပုတော၊ ကန်ကြီးထောင့် ၊ မြောင်းမြ၊ ငွေဆောင်မြို့ နယ်စတဲ့ မြို့နယ်များက လယ်သမားတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment