Friday, September 13, 2013

အမျိုးသားတစ်ဦး လည်ပင်းကို ဓားဖြင့်လှီး၍ သေကြောင်းကြံ သတင်း / 1 hours ago

  အမျိုးသားတစ်ဦး မိမိလည်ပင်းကို ဓါးမဖြင့်လှီးပြီးသေကြောင်း ကြံစည်ခဲ့သဖြင့် မြောက်ဥက္ကလာပ ရဲစခန်းက အမှုဖွင့်ပြီး ထိုသူကိုအရေးယူရန်  ... အမျိုးသားတစ်ဦး မိမိလည်ပင်းကို ဓါးမဖြင့်လှီးပြီးသေကြောင်း ကြံစည်ခဲ့သဖြင့် မြောက်ဥက္ကလာပ ရဲစခန်းက အမှုဖွင့်ပြီး ထိုသူကိုအရေးယူရန် လုပ်ဆောင်လျက်ရှိသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။ စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် ထိုအမှုတွင် သေကြောင်းကြံစည်သူမှာ အသက် ၃၃ နှစ်အရွယ်ရှိ သံပန်း သံတံခါးလုပ်သည့် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် နေအိမ်နောက်ဖက်ခန်းတွင် သူ့လည်ပင်းကိုသူ အိမ်သုံးဓားမဖြင့် လှီးဖြတ်၍ သေကြောင်းကြံစည်ခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စကို ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် သေကြောင်းကြံစည်သူ၏ ညီဖြစ်သူက ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ် သဖြင့် ရဲများကသိရှိခဲ့ပြီး သွားရောက်စစ်ဆေးခဲ့ကြသည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။ ထိုသူသည် အရက်အလွန်အကျွံ သောက်သုံးတတ်ပြီး အရက်သောက်များသည့်အခါ မိမိကိုယ်ကို သေကြောင်းကြံမည် ဟု ပြောဆိုလေ့ရှိကြောင်း မိသားစုဝင်များထံမှ ရဲများက မေးမြန်းသိရှိရသည်ဟု ဆိုသည်။ ယင်းသို့ ကြံစည်ခဲ့မှုမှာလည်း ၎င်းကိုအရက်မသောက်ရန် မိသားစုက တားမြစ်သည်ကို စိတ်ညစ်၍ သေကြောင်း ကြံစည်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲဌာနက အတည်ပြုထားပါသည်။ သေကြောင်းကြံစည်သူသည် လည်ပင်းတွင် ပြတ်ရှဒဏ်ရာ တစ်ချက်သာရရှိကာ သွေးများထွက်နေ၍ ရဲဆေးစာဖြင့် မြောက်ဥက္ကလာပ ဆေးရုံတွင် အတွင်းလူနာအဖြစ် ပို့ဆောင်ကုသနေရာ ဒဏ်ရာမှာလည်း မစိုးရိမ်ရကြောင်း ရဲဌာနကဆိုထားပါသည်။ ထိုကိစ္စကို အရေးယူရန် ဒုရဲအုပ်တစ်ဦးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရဲစခန်းက အမှုအမှတ် (ပ) ၄၇၇/၂၀၁၃ ဖြင့် အမှုဖွင့်ကာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၉ မိမိကိုယ်ကိုသတ်ရန် ကြံစည်မှုဖြင့် တရားစွဲရန် ဖမ်းဆီးစစ်ဆေး သွားမည်ဟုလည်း တိုင်းရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ Post by Mizzima - News in Burmese. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment