Saturday, August 31, 2013

ဒုတိယပိုင်း သွင်းဂိုးများဖြင့် အနိုင်သုံးမှတ်ရရှိခဲ့သည့် မန်ချက်စတာစီးတီး နောက်ဆုံးသတင်းများ / 5 hours ago

 ပရီးယားမီးယားလိဂ် ပွဲစဉ် ၃ အစောဆုံးပွဲဖြစ်သည့် မန်ချက်စတာစီးတီးနှင့် ဟူးလ်စီးတီးတို့ ပွဲစဉ်တွင် မန်ချက်စတာစီးတီးက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ Visit website 

mrcopy

မီချူးနှင့် ဝီလျံ အသင်းမှ ထွက်ခွာမည်မဟုတ်ဟု ဆွမ်ဆီး အထွေထွေမန်နေဂျာ ပြောကြား နောက်ဆုံးသတင်းများ / 5 hours ago

 အပြောင်းအရွှေ့ကာလ ပိတ်ခါနီးတွင် မီချူးနှင့် အက်ရှ်လေဝီလျံ တို့ကို အသင်းတွင် ဆက်လက် ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆွမ်ဆီးစီးတီး အထွေထွေမန်နေဂျာ အလန်ကိုဝီက ပြောကြားလိုက်သည်။ Visit website 

mrcopy

အီတလီ သို့မဟုတ် အင်္ဂလန်သို့ ကာကာ ပြောင်းရွှေ့ဖွယ်ရှိဟုဆို နောက်ဆုံးသတင်းများ / 5 hours ago

  ရီးယဲမက်ဒရစ် ကွင်းလယ်ကစားသမား ကာကာသည် အပြောင်းအရွှေ့ ရာသီမပိတ်မီတွင် အီတလီ သို့မဟုတ် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ၎င်း၏ အေးဂျင့်ဖြစ်သူ၏ အဆိုအရ သိရသည်။ Visit website 

mrcopy

လီဗာပူးလ်နှင့် ပွဲအတွက် ရွန်နီ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အကောင်းဆုံးပုံစံတွင် ရှိနေကြောင်း မိုယက်စ် ပြောကြား နောက်ဆုံးသတင်းများ / 5 hours ago

  မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီသည် တနင်္ဂနွေနေ့တွင် လီဗာပူးလ်နှင့် ကစားရမည့် ပွဲစဉ်အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အကောင်းဆုံးပုံစံတွင် ရှိနေကြောင်း အသင်းမန်နေဂျာ ဒေးဗစ် မိုယက်စ်က ပြောကြားလိုက်သည်။ Visit website 

mrcopy

ရွန်နီကို ချယ်ဆီး ခေါ်ယူရန် ကြိုးပမ်းမှု အဆုံးသတ်ပြီဖြစ်ကြောင်း မော်ရင်ဟို ဝန်ခံ နောက်ဆုံးသတင်းများ / 5 hours ago

  မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီကို ခေါ်ယူရန် ကြိုးပမ်းမှုမှာ အဆုံးသတ်ပြီဖြစ်သော်လည်း ရုရှားကလပ် အန်ဇီအသင်းမှ တိုက်စစ်မှူး ဆမ်မြူရယ် အီတူးအား ခေါ်ယူနိုင်မှုအပေါ် ကျေနပ်ဝမ်းမြောက် ကြောင်း ချယ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ဝန်ခံပြောကြားလိုက်သည်။ Visit website 

mrcopy

Miss Myanmar ခင်ဝင့်ဝါ ပရိသတ်ပေးတဲ့ မဲ ၂ သိန်းကျော်ရပြီ ဧရာဝတီ / Nyatasay / 1 days ago Miss Supranational 2013 ပြိုင်ပွဲဝင် Miss Myanmar ခင်ဝင့်ဝါ (ဓာတ်ပုံ – ခင်ဝင့်ဝါ facebook မှ)


  Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ခင်ဝင့်ဝါဟာ လက်ရှိအချိန် အထိ ပရိသတ်ပေးတဲ့ မဲအများဆုံး ၂ သိန်းကျော်နဲ့ ရှေ့ဆုံးတန်းမှာ ပြေးနေပါတယ်။ အဲဒီ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်တဲ့ Miss Myanmar ခင်ဝင့်ဝါဟာ အသက် ၁၉ နှစ်သာရှိသေးတဲ့ ရုက္ခဗေဒ ကျောင်းသူ တဦးဖြစ်ပြီး မော်ဒယ်လ် တဦးလည်း ဖြစ်သလို Miss Myanmar သရဖူကို ရရှိပြီးချိန်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ရုရှနိုင်ငံ ဘီလာရုစ်မှာ သွားရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံ ဂုဏ်ဆောင် Miss တဦး ဖြစ်ပါတယ်။ သူ့ရဲ့ facebook စာမျက်နှာမှာ ခင်ဝင့်ဝါက “ပရိသတ်ကြီး မင်္ဂလာပါ။ ညီမကို အားပေးတယ်ဆိုရင် အောက်က Link က တဆင့် အနီရောင် စာလုံးကို နှိပ်ခြင်းဖြင့် ညီမကို Vote ပေးနိုင်ပါတယ်။ နေ့စဉ် မဲပေးနိုင်ပါတယ်၊ သြဂုတ် ၂၆ ရက်နေ့က စပြီး စက်တင်ဘာ ၄ ရက်နေ့ည ၁၂ နာရီ အထိ မဲပေးလို့ရပါတယ်။ Chrome ကနေ မဲပေးပြီးပေမယ့် Firefox နဲ့ ဖွင့်ပြီး မဲပေးလို့လည်း ရပါတယ်။ Browser မတူပါက မဲထပ်ပေးလို့ ရကြောင်း အသိပေးချင်ပါတယ်။ ညီမလေး ကြိုးစား ထားပါတယ်ရှင့်၊ ခင်ဝင့်ဝါရဲ့ ဓာတ်ပုံ (သို့) အမည်ကို Click လုပ်ပြီး နေ့စဉ် စိတ်ကြိုက် မဲပေးနိုင်ပါတယ်” လို့ သူ့ကို အားပေးတဲ့ မြန်မာ ပရိသတ်တွေကို ရေးသား တောင်းဆိုထားတာကို တွေ့ရပါတယ်။ ခင်ဝင့်ဝါဟာ ဒီနေ့ဒီအချိန်အထိ ပရိသတ်တွေက ပေးတဲ့ မဲ အနေနဲ့ ၂၃၄၃၉၁ မဲ ရရှိထားပြီး သူနဲ့ အပြိုင် Miss တွေကတော့ Miss Luxembourg ၂၃၅၇၉၅ မဲ၊ Miss Russia က ၁၂၅၈၁၆ မဲ၊ Miss Sweden က ၁၂၃၄၈၀ မဲ၊ Miss Australia က ၇၀၁၂၂ မဲ၊ Miss Thailand က ၆၉၉၂၈ မဲနဲ့ Miss Philippines က ၅၄၆၄၂ မဲတို့ ဖြစ်ကြပါတယ်။ သြဂုတ် ၂၉ ရက်နေ့ ညကတော့ ခင်ဝင့်ဝါနဲ့ Miss Philippines တို့ဟာ မဲ ၅ သောင်းကျော်နဲ့ အပြိုင်ဖြစ်နေရာက ဒီနေ့ သြဂုတ် ၃၀ ညနေမှာ ခင်ဝင့်ဝါက မဲ အပြတ်အသတ် ကျော်ဖြတ်တက်ခဲ့တာ ဖြစ်ပါတယ်။ ခင်ဝင့်ဝါရဲ့ facebook မှာ သူ့ကို အကဲဖြတ်ဒိုင်များက မေးခွန်းများမေးတဲ့အချိန် သူ ပြန်လည် ဖြေဆိုထားတဲ့ Link တွေကိုလည်း တွေ့ရပါတယ်။ သူ့ရဲ့ ပြိုင်ပွဲအပေါ် စိတ်လှုပ်ရှားမှုကို ဒိုင်တွေက မေးမြန်းတဲ့အခါမှာ “ကျမ အရမ်းကို စိတ်လှုပ်ရှား ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ နိုင်ငံရပ်ခြားကို တခါမှ မရောက်ဖူးဘူးလေ” လို့ ဖြေကြားထားတာ တွေ့ရပါတယ်။ ဒါ့အပြင် သူက သူ့ရဲ့ မြန်မာနိုင်ငံနဲ့ ကွဲပြားခြားနားတဲ့ နိုင်ငံ တခုမှာ ခြားနားတဲ့ အရာတွေကို မြင်ရတာ အရမ်းကောင်းတယ် ဆိုတဲ့ အကြောင်း၊ မြန်မာနိုင်ငံက အရမ်းလှပသလို၊ ဘီလာရုစ် ကလည်း အတူတူပဲ ဆိုတဲ့အကြောင်း၊ နှစ်နိုင်ငံ စလုံးမှာ ကောင်းမွန်တဲ့ အရာတွေ၊ သွားရောက်လည်ပတ်ဖို့ ကောင်းတဲ့ နေရာတွေ ရှိတယ် ဆိုတဲ့ အကြောင်းတွေလည်း ပြောကြား ခဲ့ပါတယ်။ မြန်မာနိုင်ငံက လတ်တလော အဟြေင်းအလဲတွေ အကြောင်းကို မေးတဲ့အခါ သူက “ကျမတို့ နိုင်ငံက အခုဆိုရင် ပိုပြီး ပွင့်လင်းလာပါပြီ။ လှပပြီး အရောင်အသွေးစုံတဲ့ ကျမတို့နိုင်ငံကို အလည်လာဖို့ ရှင်တို့ အားလုံးကို ဖိတ်ခေါ်ပါတယ်” လို့ ဆိုပါတယ်။ အကဲဖြတ် ဒိုင်တွေက မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေကို သွားရောက် လည်ပတ်ဖို့ အကြံပြုချင်ပါသလဲ ဆိုတဲ့ မေးခွန်းကိုတော့ သူက သွားစရာ နေရာတွေ အများကြီးရှိတဲ့ အကြောင်း၊ ဒါပေမယ့် လာရောက်လည်ပတ် သူတွေ အနေနဲ့ အချိန်နည်းမယ် ဆိုရင်တော့ ရွှေတိဂုံ ဘုရားကို သွားစေချင်တဲ့ အကြောင်း အကြံပြုထားပါတယ်။ “အချိန် ပိုရမယ်ဆိုရင်တော့ မြန်မာဘုရင်တွေရဲ့ ရှေးဟောင်းမြို့တော် ပုဂံကိုသွားပါ။ မြန်မာနိုင်ငံရဲ့လှပမှုတွေ၊ အရောင်အသွေး စုံလင် မှုတွေက ရှင်တို့ကို အံ့သြစေလိမ့်မယ်လို့ ကျမဟြေရဲပါတယ်” လို့လည်း သူက ဆက်ပြော ထားပါတယ်။ ဒါ့အပြင် ခင်ဝင့်ဝါက သူ့ရဲ့ အင်္ဂလိပ်စကား အားနည်းမှုကို ခွင့်လွှတ်ဖို့ ဒိုင်တွေကို တောင်းပန်တဲ့အခါမှာ ဒိုင်တွေက “Miss Supranational 2013 ပြိုင်ပွဲဝင်များထဲမှာ ချစ်စရာ အကောင်းဆုံးနဲ့ အယဉ်ကျေး၊ အသိမ်မွေ့ဆုံး ဖြစ်တဲ့ Miss Myanmar က သူရဲ့ အင်္ဂလိပ်စကား အားနည်းမှုအတွက် ခွင့်လွှတ်ပါရန် တောင်းပန်တဲ့ အတွက် ကျနော်တို့က သူရဲ့ အင်္ဂလိပ်စကား အမှန်တကယ် ကောင်းမွန်ပါတယ်” လို့ ပြန်လည် ဟြေဆိုခဲ့ပါတယ်။ အဲဒီလို ဒိုင်တွေက ပြောတဲ့ အခါမှာ သူက ပြုံးလိုက်ပြီး “ကျမ ကျေးဇူးတင်ပါတယ်၊ ကျမ တက္ကသိုလ်မှာ အင်္ဂလိပ်စာ သင်ခဲ့ပါတယ်၊ ဒါပေမယ့် သိပ်ပြီး ချောချောမွေ့မွေ့ မဟြေနိုင်ပါဘူး၊ ကျမထပ်ပြီး သင်ယူချင်ပါ သေးတယ်၊ မနက်ဖြန်မှာ လုပ်မယ့် ပင်ကိုယ်စွမ်းရည် ပြိုင်ပွဲမှာ ကျမတို့ တိုင်းပြည်ရဲ့ ရိုးရာအက ကပြဖို့ ပြင်ဆင်ထားပါတယ်။ ရှင်တို့ သဘောကျမယ်လို့ ကျမ မျှော်လင့်ပါတယ်” လို့ ပြန်ပြောတာ တွေ့ရပါတယ်။ နောက်ဆုံး ပရိသတ်တွေကို စကားဟြေတဲ့ အခါမှာတော့ ခင်ဝင့်ဝါက သူ့ကို အားပေးတဲ့ သူတွေထဲမှာ သူ လုံးဝ မသိတဲ့သူတွေ ပါနေတဲ့အတွက် သူ့ကို ပျော်ရွှင်စေတယ်လို့ ဆိုပါတယ်။ “အဲဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေပါတယ်၊ ကျမ သူတို့ကို သိစေချင်တာက ဒီသရဖူကို မြန်မာနိုင်ငံကို ယူလာနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ် ဆိုတာပါပဲ။ ကျမ အားလုံးကို ချစ်ပါတယ်ရှင်” လို့ သူက အားပေးတဲ့ ပရိသတ်တွေကို တလေးတစား ကတိပေး ဖြေကြားတဲ့အကြောင်း ဖော်ပြထားပါတယ်။ Visit website 

mrcopy

အဲရစ်ခ်ဆန်ကို ထပ်မံ ခေါ်ယူပြီးနောက် စပါး၏ နွေရာသီ အသုံးစရိတ် ပေါင်(၁၀၈)သန်းထိ ရှိလာ

  နောက်ဆုံးသတင်းများ / -158 mins ago တော့တင်ဟမ် ဟော့စပါး အသင်းသည် အေဂျက်စ် အမ်စတာဒမ် ကွင်းလယ် ကစားသမားလေး ခရစ္စတီယန် အဲရစ်ခ်ဆန်ကို ပေါင်စတာလင် (၁၁.၅)သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဟု ကြေညာခဲ့သည်။ Visit website 

mrcopy

ဘီလ်ဘာအို ကွင်းလယ်လူ ဟာရဲရာအတွက် ယူနိုက်တက်၏ ကမ်းလှမ်းမှု ပယ်ချခံရ

  နောက်ဆုံးသတင်းများ / -200 mins ago အက်သလက်တီကို ဘီလ်ဘာအို အသင်းသည် ကွင်းလယ်လူ အန်ဒရီ ဟာရဲရာ အတွက် မန်ချက်စတာ ယူနိုက်တက်ထံမှ ချဉ်းကပ်မှု တစ်ခုကို ငြင်းဆန်ခဲ့ကြောင်း သိရှိရသည်။ Visit website 

mrcopy

အတ်ဆုကို ချယ်လ်ဆီးခေါ်ယူ ~ ဗီတက်ဆီထံ အငှား ချထားရန် စီစဉ်နေ နောက်ဆုံးသတင်းများ / -248 mins ago

 အတ်ဆုကို ချယ်လ်ဆီးခေါ်ယူ ~ ဗီတက်ဆီထံ အငှား ချထားရန် စီစဉ်နေ နောက်ဆုံးသတင်းများ / -248 mins ago ချယ်လ်ဆီး အသင်းသည် ပေါ်တိုတောင်ပံ ကစားသမားလေး ခရစ္စတီယန် အတ်ဆုကို ခေါ်ယူရန် သဘော တူညီခဲ့ပြီးနောက် ကစားသမားကို ပြန်လည် အငှားချရန်ပါ စီစဉ်နေကြောင်း သိရှိရသည်။ Visit website 

mrcopy

စပို့တင်း နောက်ခံလူ အီလိုရီကို မကြာမီ လီဗာပူးလ် အပြီးသတ် ခေါ်ယူဖွယ် ရှိနေ နောက်ဆုံးသတင်းများ / -261 mins ago

 လီဗာပူးလ် အသင်းသည် စပို့တင်း လစ္စဘွန်း နောက်ခံလူ တီယာဂို အီလိုရီကို ခေါ်ယူနိုင်ရန် နီးစပ် လာပြီဟု သတင်းများက ဖော်ပြခဲ့သည်။ Visit website 

mrcopy

သတင်းမီဒီယာ ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ညှိနှိုင်းခြင်း မရှိဘဲ အငြင်းပွားဖွယ် ပြင်ဆင်ချက်များဖြင့် အမျိုးသား လွှတ်တော်တွင် အတည်ပြု

 Created on Saturday, 31 August 2013 02:37 မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲခဲ့သော သတင်းမီဒီယာ ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ညှိနှိုင်းခြင်း မရှိဘဲ အငြင်းပွားဖွယ် ပြင်ဆင်ချက်များဖြင့် သြဂုတ် ၃၀ ရက်တွင် ပြုလုပ်သော အမျိုးသား လွှတ်တော်၌ အတည်ပြုခဲ့သည်။ အဆိုပါ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သြဂုတ် ၁၉ ရက်တွင် အမျိုးသား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် လွှတ်တော် ကိုယ်စားလှယ် ငါးဦးက ပြင်ဆင် ပယ်ဖျက်သင့်သည့် အချက်များအား ဆွေးနွေးခဲ့ကာ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီမှ ကြားနာရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့ မဆွေးနွေးမီ တစ်ရက်အလိုတွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီသည် သြဂုတ် ၂၇ ရက်၌ ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများကို ဖိတ်ခေါ်၍ အစည်းအဝေး ပြုလုပ်ခဲ့ပြီး လိုအပ်ချက်များကို မေးမြန်း ဆွေးနွေးခဲ့ပြီး စာနယ်ဇင်းကောင်စီ (ယာယီ) ကိုမူ ခေါ်ယူဆွေးနွေးခဲ့ခြင်း မရှိကြောင်း သိရသည်။ ''ကျွန်တော်တို့ကို တွေ့ဖို့ချိန်းတာရှိတယ်။ ပျက်သွားတယ်လေ။ သူတို့ အစီအစဉ် ဖျက်လိုက်တယ် ပြောတယ်။ ကျွန်တော်တို့ သွားတွေ့ဖို့ ရှိတယ်။ သူတို့ မတင်ခင်မှာ။ ကျွန်တော် ကြားသလောက်ကတော့ အဆင်ပြေပါတယ်ပေါ့ဗျာ။ ကျွန်တော်တို့တင်တဲ့ မူကြမ်းအပေါ်မှာ အကုန်လုံး နီးပါးကိုပဲ ဥပဒေကြမ်း ကော်မတီက သဘောတူတဲ့ အတွက် ကျွန်တော်တို့နဲ့ ဆွေးနွေးစရာ မရှိဘူးလို့ သူတို့ပြောတယ်လို့ ကျွန်တော် ကြားတယ်လေ။ အဲဒီတုန်းက သူတို့သာ ကျွန်တော်တို့ကိုခေါ်ပြီး မရှင်းလင်းတာတွေ ရှိတာကိုပြောရင် ကျွန်တော်တို့ ဖြေနိုင်တာပေါ့'' ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က ပြောကြားသည်။ ထိုသို့ ပြင်ဆင်ပြီး အတည်ပြုရာတွင် သတင်းသမားများကို ကာကွယ်စောင့်ရှောက် ရန်အတွက် ရည်ရွယ် ထည့်သွင်းခဲ့သော ဥပဒေကြမ်း အခန်း (၈) ပုဒ်မ ၂၅ တွင်ဖော်ပြခဲ့သည့် ''ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း တည်ထောင်ထားသော သတင်းမီဒီယာ လုပ်ငန်းအားလုံးရှိ သတင်းမီဒီယာ သမားတို့၏ တာဝန်၊ ကျင့်ဝတ်၊ သိက္ခာဖောက်ဖျက်မှုနှင့် တားမြစ်ချက်များကို ချိုးဖောက်သည့် အမှုများကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များ အရသာ အရေးယူရမည်'' ဆိုသော အချက်ကို လုံးဝ ပယ်ဖျက်ခဲ့ခြင်း၊ ဂျာနယ်လစ် အဖွဲ့အစည်းများ လိုလားသည့် မူပိုင်ခွင့်နှင့် မော်ကွန်းဌာန စာသားကို သုံးစွဲခွင့် မပြုခြင်းများ အပါအ၀င် အခြားသော အချက်အချို့၌ အငြင်းပွားဖွယ် အချက်များ ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အခြားပြင်ဆင် အတည်ပြုလိုက်သော အချက်များမှာ ပုဒ်မ (၂)ပုဒ်မခွဲ(ည)ပါ ''အများပြည်သူ အကျိုးစီးပွား အလို့ငှာ'' စကားရပ်အား တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်လိုကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆွေးနွေးခဲ့သော်လည်း ဥပဒေကြမ်း ကော်မတီက ယင်းစကားရပ်သည် ဥပဒေ အသုံးအနှုန်း တစ်ရပ်ဖြစ်ပြီး သီးခြားအဓိပ္ပာယ် ဖွင့်ဆိုရန် မလိုအပ်သဖြင့် ပယ်ဖျက်သင့်ကြောင်း အကြံပြုချက်အား လွှတ်တော်မှ အတည်ပြု၍ ယင်းပုဒ်မအား ပယ်ဖျက်ခဲ့သည်။ အလားတူ အဆိုပါပုဒ်မ(၂) ပုဒ်မခွဲ(ည)နှင့် ဆက်စပ်သော ပုဒ်မ (၈) ပုဒ်မခွဲ(က)ပါ ''ကျင့်ဝတ်နှင့်အညီ မိမိအမည်ကို ထုတ်ဖော်ပြောဆို၍ သတင်းရယူမည် ဖြစ်သော်လည်း အများပြည်သူ အကျိုးစီးပွား အလို့ငှာ စုံစမ်း ဖော်ထုတ်ရမည်'' စကားရပ်အစား ''ကျင့်ဝတ်နှင့်အညီ မိမိအမည်ကို ထုတ်ဖော်ပြောဆို၍ သတင်းရယူရမည်။ သို့ရာတွင် အများပြည်သူနှင့် သက်ဆိုင်သော ကိစ္စရပ်များဖြစ်သည့် ပြည်သူ့ကျန်းမာရေး၊ ပြည်သူတို့၏ ဘေးကင်းလုံခြုံရေးနှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို ထိခိုက်စေနိုင်သော ကိစ္စရပ်များ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် မမှန်မကန် ဆောင်ရွက်မှုများ၊ အကျင့်ပျက် ခြစားမှုများကို ဖော်ထုတ်ရန် မဖြစ်မနေ စုံစမ်းရမည်'' ဟု ပြင်ဆင် အတည်ပြုခဲ့သည်။ ကျွန်တော်တို့ကို တွေ့ဖို့ချိန်းတာရှိတယ်။ ပျက်သွားတယ်လေ။ သူတို့ အစီအစဉ် ဖျက်လိုက်တယ် ပြောတယ်။ ကျွန်တော်တို့ သွားတွေ့ဖို့ ရှိတယ်။ သူတို့ မတင်ခင်မှာ။ ကျွန်တော် ကြားသလောက်ကတော့ အဆင်ပြေပါတယ်ပေါ့ဗျာ။ ကျွန်တော်တို့တင်တဲ့ မူကြမ်းအပေါ်မှာ အကုန်လုံး နီးပါးကိုပဲ ဥပဒေကြမ်း ကော်မတီက သဘောတူတဲ့ အတွက် ကျွန်တော်တို့နဲ့ ဆွေးနွေးစရာ မရှိဘူးလို့ သူတို့ပြောတယ်လို့ ကျွန်တော် ကြားတယ်လေ။ အဲဒီတုန်းက သူတို့သာ ကျွန်တော်တို့ကိုခေါ်ပြီး မရှင်းလင်းတာတွေ ရှိတာကိုပြောရင် ကျွန်တော်တို့ ဖြေနိုင်တာပေါ့... ပုဒ်မ (၆) ပုဒ်မခွဲ (က)တွင်လည်း မူလပြဋ္ဌာန်းချက်ထဲမှ စကားရပ် အချို့အား နုတ်ပယ်၍ ''အများပြည်သူ သိခွင့်ရှိသော သတင်းအချက် အလက်များကို သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ အစိုးရဌာန၊ အဖွဲ့အစည်း များထံမှ တောင်းယူ ကြည့်ရှုခွင့်ရှိသည်'' ဟု လည်းကောင်း၊ ပုဒ်မ (၁၁) တွင် ဖော်ပြထားသည့် ''သတင်းမီဒီယာသည် သက်ဆိုင်ရာ လုပ်ငန်း အမျိုးအစားအလိုက် ၀န်ကြီးဌာန၏ မူပိုင်ခွင့်နှင့် မော်ကွန်းဌာနတွင် မှတ်တမ်းတင် စာရင်းပေးသွင်း၍ ထိုသို့ ပေးသွင်းပြီးကြောင်း အထောက်အထား လက်မှတ်ရယူရမည်'' ဟူသော စကားရပ်အစား ''သတင်း မီဒီယာလုပ်ငန်း လုပ်ကိုင်လိုသူသည် သက်ဆိုင်ရာ လုပ်ငန်း အမျိုးအစားအလိုက် သက်ဆိုင်ရာ ဥပဒေနှင့်အညီ လုပ်ငန်းအ သိအမှတ်ပြု လက်မှတ် သို့မဟုတ် လုပ်ငန်းလိုင်စင် ရယူရမည်'' ဟု လွှတ်တော်က ပြင်ဆင် အတည်ပြုခဲ့သည်။ ယင်းပုဒ်မ (၁၁) ကို ပြင်ဆင် အတည်ပြုရာ၌ လွှတ်တော် သဘော၏ သဘောတူ၊ မတူ တောင်းခံရာတွင် လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က မူလပြဋ္ဌာန်းချက်တွင် ပါဝင်သော ''လုပ်ငန်း အမျိုးအစားအလိုက် ၀န်ကြီးဌာန၏ မူပိုင်ခွင့်နှင့် မော်ကွန်းဌာနတွင်'' စကားရပ်အား ''လုပ်ငန်း အမျိုးအစားအလိုက် ၀န်ကြီးဌာနတွင်'' ဟု ပြင်ဆင်ပြီး မူလပြဋ္ဌာန်း ချက်အတိုင်း အတည်ပြုသင့်ကြောင်း ကန့်ကွက်သဖြင့် မဲခွဲဆုံးဖြတ်ရာတွင် ဦးဖုန်းမြင့်အောင်၏ အဆိုမှာ ရှုံးနိမ့်ခဲ့သည်။ ဥပဒေကြမ်းပါ ကောင်စီနှင့် ပတ်သက်၍ ပုဒ်မ (၁၂) တွင်လည်း ''ကောင်စီသည် သတင်းမီဒီယာ သမားများ'' စကားရပ်အစား ''ကောင်စီသည် စာနယ်ဇင်းသမားများ'' ဟု လည်းကောင်း၊ ကောင်စီရန်ပုံငွေ ထူထောင်ရာတွင် လှူဒါန်းမှုများနှင့် ပတ်သက်၍ ပုဒ်မ (၁၉) ပုဒ်မခွဲ (ခ) (ဂ)တွင်''နှောင်ကြိုးမဲ့'' စကားရပ်အစား ''စေတနာအလျောက်'' ဟုလည်းကောင်း၊ နစ်နာသူများမှ တိုင်ကြားမှုများအား အရေးယူခြင်းနှင့် ပတ်သက်၍ ပုဒ်မ (၂၁) တွင် ''ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားရမည်'' စကားရပ်အစား ''ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်'' ဟု ပြင်ဆင် အတည်ပြုခဲ့သည်။ ထို့အပြင် ပုဒ်မ (၂၇) ''မည်သည့် သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူမဆို သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့် မရှိဘဲ ယင်းလုပ်ငန်း လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ် ၁၀ သိန်းအထိ ချမှတ်ရမည်'' ဟု ပြဋ္ဌာန်းချက်တို့အား ပယ်ဖျက်သင့်ကြောင်း အကြံပြုခဲ့ပြီး လွှတ်တော်မှ ပယ်ဖျက်ခြင်းကို အတည်ပြုခဲ့သည်။ သတင်းမီဒီယာ ဥပဒေကြမ်း၏ ပုဒ်မ (၃၅) ပုဒ်မခွဲ (ခ) တွင် ''မူပိုင်ခွင့်နှင့် မော်ကွန်းဌာနတွင် စာရင်းတင်သွင်းခြင်းတို့ ပြုလုပ်ခွင့်ရှိသည်'' စကားရပ်အစား ''၀န်ကြီးဌာနသို့ စာရင်းတင်သွင်းခြင်းတို့ ပြုလုပ်ခွင့်ရှိသည်'' ဟု ပြင်ဆင် အတည်ပြုခဲ့သည်။ ထိုသို့ ဥပဒေကြမ်းပါ အချက်များအား ကိုယ်စားလှယ်များ ဆွေးနွေးချက်များနှင့် ဥပဒေကြမ်း ကော်မတီမှ ပြန်လည်ညှိနှိုင်း သဘောတူညီ ချက်များအား လွှတ်တော်မှ တစ်ပိုဒ်ချင်းအလိုက် အတည်ပြု ခဲ့သော်လည်း ပုဒ်မ (၃၆) ''၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေအရ ထုတ်ပြန်ခဲ့သည့် လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ကို ကန့်သတ်တားမြစ်သော အမိန့်များ၊ ညွှန်ကြားချက်များ၊ အမှာစာများနှင့် ထုတ်ပြန်ချက်များသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်သမျှ ပျက်ပြယ်သည်ဟု မှတ်ယူရမည်'' ဟု ပြဋ္ဌာန်းအား ပယ်ဖျက်ရန် မပါဝင်ဘဲ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ အတည်ပြု ထုတ်ပြန်ကြေညာပါက အဆိုပါ ပုဒ်မမှာ မလိုအပ်ကြောင်း သတိပေး ပြောကြားပြီး ဥပဒေကြမ်း ကော်မတီ အနေဖြင့် မည်သို့လုပ်ဆောင်မည်ကို မေးမြန်းခဲ့သည်။ ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီမှလည်း ပုဒ်မ(၃၆)မှာ မလိုအပ်သဖြင့် ပယ်ဖျက်ပေးပါရန် အဆိုတင်သွင်းမှုအား လွှတ်တော်မှ အတည်ပြုခဲ့ပြီး ယင်းပုဒ်မအား ပယ်ဖျက်ခဲ့သည်။ အမျိုးသား လွှတ်တော်၌ အတည်ပြုခဲ့သော သတင်းမီဒီယာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ ပေးပို့မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်၌ ဆက်လက် ဆွေးနွေးမည် ဖြစ်ပါသည်။ အမျိုးသား လွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့သော သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်သည့် အမြင်များ ၇၅၊ ၈၀ ရာခိုင်နှုန်း လောက်ကတော့ ကျေနပ်စရာ ကောင်းတယ်။ သို့သော် အရေးကြီးတဲ့ သတင်းသမားတွေကို အကာအကွယ် ပေးနိုင်တဲ့ အချက်ကတော့ ပယ်ဖျက်ခံလိုက်တယ်။ နောက်တစ်ချက်ကတော့ သတင်းသမားတွေ စိုးရိမ်တဲ့ ပြစ်ဒဏ်ပေါ့နော်။ ပြစ်ဒဏ်က သူတို့ပြင်ဆင်တဲ့ အတိုင်းဆိုရင် ကျန်တဲ့တည်ဆဲ ဥပဒေတွေနဲ့ရော၊ သတင်းမီဒီယာနဲ့ဆိုင်တဲ့ ကျင့်ဝတ်ဖောက်ဖျက် မှုတွေက ကျန်တဲ့ ဥပဒေတွေနဲ့ပါ နှစ်ထပ်ကွမ်း အရေးယူခံရမယ့် သဘောမျိုး ဖြစ်နေတာပေါ့နော်။ ပြစ်မှုတစ်ခုတည်းကို နှစ်ထပ်ကွမ်း အရေးယူခံရမယ့်၊ အရေးယူစေချင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ အဲတာကတော့ သတင်းသမားတွေဘက်က နစ်နာနိုင်တဲ့ အချက်ပေါ့။ - ဦးကျော်မင်းဆွေ(အတွင်းရေးမှူး၊ စာနယ်ဇင်းကောင်စီ-ယာယီ) ကျွန်တော်တို့ အမျိုးသား လွှတ်တော်မှာတော့ အတည်ပြုတယ်ပေါ့။ ဥပဒေတစ်ခု ပြုတယ်ဆိုတာက ဥပဒေရေးတဲ့သူရော၊ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ ၀န်ကြီးဌာနတွေရော သူ့အမြင် ကိုယ့်အမြင်နဲ့ လုပ်ကြတဲ့ အခါကျတော့ ကိုယ်ဖြစ်ချင်သလို ရာနှုန်းပြည့် ဖြစ်ဖို့ဆိုတာတော့ မလွယ်ဘူးလေ။ ဒါကတော့ ကြိုတင်လက်ခံ ထားပြီးသားပါ။ ယျေဘုယျ အားဖြင့်တော့ မဆိုးဘူးလို့ ပြောလို့ရတယ်။ သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်တဲ့ အချက်ကို ပယ်ဖျက် လိုက်တာတော့ စိုးရိမ်စရာပေါ့။ သို့သော် တစ်ဖက်မှာ သူတို့က ဘာပြန်ဖြစ်လဲ ဆိုတော့ ကျွန်တော်တို့ ဥပဒေမှာပါတဲ့ ရေးသားချက်နဲ့ ဆိုလိုရင်းတွေ အပေါ်မှာ သဘောပေါက်မှုတွေ လွဲတယ်လို့ ကျွန်တော်မြင်တယ်ဗျ။ ဆက်ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော် ကျန်ပါသေးတယ်။ ရှေ့ဆက်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာကြောင့် ကျွန်တော်တို့ ထည့်သွင်းတယ်ဆိုတာ သိအောင်လို့တော့ လုပ်ရမယ်။ ကျွန်တော့် ကိုယ်ပိုင်ယူဆချက်ကတော့ (လွှတ်တော် ကိုယ်စားလှယ်တွေ) စိုးရိမ်စိတ် များသွားပုံရတယ်။ - ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်၊ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင်) သူတို့ဖျက်လိုက်တဲ့ ပုဒ်မက ဥပဒေကြမ်းမှာ အဟန့်အတား သဘောမျိုး ရှိသင့်တယ်လို့ ထင်တယ်။ တခြားဥပဒေတွေအရ မလိုတစ်မျိုး၊ လိုတစ်မျိုး ဆွဲဆန့်လို့ရတဲ့ အချိန်မှာ၊ ဥပမာ- တကယ်အန္တရာယ်ရှိလို့ ပယ်ဖျက်ပေးဖို့ တောင်းဆိုနေတဲ့ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းဥပဒေတို့ အဲတာမျိုး တွေကို ပီပီပြင်ပြင် မပယ်ဖျက် ပေးနိုင်သေးတဲ့ အချိန်မှာ အဟန့်အတားမျိုး ရှိသင့်တာပေါ့။ အဲတာကို ဖျက်လိုက်တာက သတင်းသမားတွေ အတွက် ပိုပြီး အန္တရာယ် ရှိသွားတယ်။ check and balance ရှိရမှာကိုတော့ ကျွန်တော်တို့ နားလည်ပါတယ်။ လိုသလို ဆွဲဆန့်လို့ရတဲ့ ဥပဒေတွေ ရှိနေတဲ့အတွက် အဲတာကို ပယ်ဖျက်တာကို ကျွန်တော်တို့ လက်မခံဘူး။ - ဦးအောင်လှထွန်း (စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင်) အတည်ပြုပြီးတော့လည်း ဘယ်တတ်နိုင်မလဲ။ ကျွန်တော်တို့က သူတို့ကို ယုံကြည်ပြီး အပ်နှံထားတာပဲ။ စောစောစီးစီး ကတည်းက ကျွန်တော်တို့ ကန့်ကွက်ထားတာပဲ။ ကျွန်တော်တို့ကတော့ လက်ရှိ အနေအထား အရဆို ဆက်ပြီး ကန့်ကွက်နေမှာပဲဗျ။ ကျွန်တော် တစ်ယောက်တည်း အနေနဲ့ ဆိုရင်လည်း ကန့်ကွက်မှာပဲ။ ပြောတာ ဆိုတာလေးတွေ၊ ဦးလှဆွေဆိုတဲ့ အမတ်ပေါ့ဗျာ။ ကျွန်တော်တို့ကပဲ သိပ်အာဏာ လိုချင်တဲ့ အဖွဲ့အစည်းလိုလို၊ အဲလိုပြောတာတွေကို ကျွန်တော်က သိပ်မကြည်ဘူး။ မီဒီယာသမားက အာဏာထူထောင်တာ မဟုတ်ဘူးဗျ။ သြဇာထူထောင်တာ။ ကျွန်တော်တို့က အာဏာထူထောင်ချင်ရင် နိုင်ငံရေး ၀င်လုပ်မှာပေါ့။ - ဦးခင်မောင်လေး(ဖိုးသောကြာ) (ဒုတိယ ဥက္ကဋ္ဌ၊ စာနယ်ဇင်းကောင်စီ-ယာယီ) ၇၅၊ ၈၀ ရာခိုင်နှုန်း လောက်ကတော့ ကျေနပ်စရာ ကောင်းတယ်။ သို့သော် အရေးကြီးတဲ့ သတင်းသမားတွေကို အကာအကွယ် ပေးနိုင်တဲ့ အချက်ကတော့ ပယ်ဖျက်ခံလိုက်တယ်။ နောက်တစ်ချက်ကတော့ သတင်းသမားတွေ စိုးရိမ်တဲ့ ပြစ်ဒဏ်ပေါ့နော်။ ပြစ်ဒဏ်က သူတို့ပြင်ဆင်တဲ့ အတိုင်းဆိုရင် ကျန်တဲ့တည်ဆဲ ဥပဒေတွေနဲ့ရော၊ သတင်းမီဒီယာနဲ့ဆိုင်တဲ့ ကျင့်ဝတ်ဖောက်ဖျက် မှုတွေက ကျန်တဲ့ ဥပဒေတွေနဲ့ပါ နှစ်ထပ်ကွမ်း အရေးယူခံရမယ့် သဘောမျိုး ဖြစ်နေတာပေါ့နော်။ ပြစ်မှုတစ်ခုတည်းကို နှစ်ထပ်ကွမ်း အရေးယူခံရမယ့်၊ အရေးယူစေချင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ အဲတာကတော့ သတင်းသမားတွေဘက်က နစ်နာနိုင်တဲ့ အချက်ပေါ့။ - ဦးကျော်မင်းဆွေ(အတွင်းရေးမှူး၊ စာနယ်ဇင်းကောင်စီ-ယာယီ) ကျွန်တော်တို့ အမျိုးသား လွှတ်တော်မှာတော့ အတည်ပြုတယ်ပေါ့။ ဥပဒေတစ်ခု ပြုတယ်ဆိုတာက ဥပဒေရေးတဲ့သူရော၊ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ ၀န်ကြီးဌာနတွေရော သူ့အမြင် ကိုယ့်အမြင်နဲ့ လုပ်ကြတဲ့ အခါကျတော့ ကိုယ်ဖြစ်ချင်သလို ရာနှုန်းပြည့် ဖြစ်ဖို့ဆိုတာတော့ မလွယ်ဘူးလေ။ ဒါကတော့ ကြိုတင်လက်ခံ ထားပြီးသားပါ။ ယျေဘုယျ အားဖြင့်တော့ မဆိုးဘူးလို့ ပြောလို့ရတယ်။ သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်တဲ့ အချက်ကို ပယ်ဖျက် လိုက်တာတော့ စိုးရိမ်စရာပေါ့။ သို့သော် တစ်ဖက်မှာ သူတို့က ဘာပြန်ဖြစ်လဲ ဆိုတော့ ကျွန်တော်တို့ ဥပဒေမှာပါတဲ့ ရေးသားချက်နဲ့ ဆိုလိုရင်းတွေ အပေါ်မှာ သဘောပေါက်မှုတွေ လွဲတယ်လို့ ကျွန်တော်မြင်တယ်ဗျ။ ဆက်ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော် ကျန်ပါသေးတယ်။ ရှေ့ဆက်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာကြောင့် ကျွန်တော်တို့ ထည့်သွင်းတယ်ဆိုတာ သိအောင်လို့တော့ လုပ်ရမယ်။ ကျွန်တော့် ကိုယ်ပိုင်ယူဆချက်ကတော့ (လွှတ်တော် ကိုယ်စားလှယ်တွေ) စိုးရိမ်စိတ် များသွားပုံရတယ်။ - ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်၊ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင်) သူတို့ဖျက်လိုက်တဲ့ ပုဒ်မက ဥပဒေကြမ်းမှာ အဟန့်အတား သဘောမျိုး ရှိသင့်တယ်လို့ ထင်တယ်။ တခြားဥပဒေတွေအရ မလိုတစ်မျိုး၊ လိုတစ်မျိုး ဆွဲဆန့်လို့ရတဲ့ အချိန်မှာ၊ ဥပမာ- တကယ်အန္တရာယ်ရှိလို့ ပယ်ဖျက်ပေးဖို့ တောင်းဆိုနေတဲ့ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းဥပဒေတို့ အဲတာမျိုး တွေကို ပီပီပြင်ပြင် မပယ်ဖျက် ပေးနိုင်သေးတဲ့ အချိန်မှာ အဟန့်အတားမျိုး ရှိသင့်တာပေါ့။ အဲတာကို ဖျက်လိုက်တာက သတင်းသမားတွေ အတွက် ပိုပြီး အန္တရာယ် ရှိသွားတယ်။ check and balance ရှိရမှာကိုတော့ ကျွန်တော်တို့ နားလည်ပါတယ်။ လိုသလို ဆွဲဆန့်လို့ရတဲ့ ဥပဒေတွေ ရှိနေတဲ့အတွက် အဲတာကို ပယ်ဖျက်တာကို ကျွန်တော်တို့ လက်မခံဘူး။ - ဦးအောင်လှထွန်း (စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင်) အတည်ပြုပြီးတော့လည်း ဘယ်တတ်နိုင်မလဲ။ ကျွန်တော်တို့က သူတို့ကို ယုံကြည်ပြီး အပ်နှံထားတာပဲ။ စောစောစီးစီး ကတည်းက ကျွန်တော်တို့ ကန့်ကွက်ထားတာပဲ။ ကျွန်တော်တို့ကတော့ လက်ရှိ အနေအထား အရဆို ဆက်ပြီး ကန့်ကွက်နေမှာပဲဗျ။ ကျွန်တော် တစ်ယောက်တည်း အနေနဲ့ ဆိုရင်လည်း ကန့်ကွက်မှာပဲ။ ပြောတာ ဆိုတာလေးတွေ၊ ဦးလှဆွေဆိုတဲ့ အမတ်ပေါ့ဗျာ။ ကျွန်တော်တို့ကပဲ သိပ်အာဏာ လိုချင်တဲ့ အဖွဲ့အစည်းလိုလို၊ အဲလိုပြောတာတွေကို ကျွန်တော်က သိပ်မကြည်ဘူး။ မီဒီယာသမားက အာဏာထူထောင်တာ မဟုတ်ဘူးဗျ။ သြဇာထူထောင်တာ။ ကျွန်တော်တို့က အာဏာထူထောင်ချင်ရင် နိုင်ငံရေး ၀င်လုပ်မှာပေါ့။ - ဦးခင်မောင်လေး(ဖိုးသောကြာ) (ဒုတိယ ဥက္ကဋ္ဌ၊ စာနယ်ဇင်းကောင်စီ-ယာယီ) အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 31-8-2013 https://www.facebook.com/excellencemedia  

mrcopy